ကောင်မလေးက ချစ်စရာလေး။
ချစ်စရာလေးဆိုတာထက် Colorစုံအလှတွေကြားမှာ ဒီတိုင်းရိုးရိုးလေးနဲ့ ထင်းထွက်နေသည့် အလှမျိုးလေး။
မျက်နှာမှာ ဘာcolorမှ မပါဘဲနဲ့ ထိုကောင်မလေးက လှလွန်းသည်။‌


ကောင်မလေးက သူ့ကို မျက်မှောင်ကျုံ့ကြည့်လိုက်မှ သူ့အကြည့်တွေ နည်းနည်းအရှိန်လွန်သွားမှန်းသိလိုက်သည်။

ကြည့်နေမိတဲ့အကြည့်တွေကို အမြန်ရုတ်သိမ်းလိုက်ပြီး
“Sorry ဘယ်သူ့ဆီပို့ခိုင်းတာလဲဗျ”

“မဟန်သာဦးတဲ့”

“ဗျာ”

ဒုတိယတခေါက် “ဗျာ”ကို ကြားလိုက်ရတော့ ဝေစိတ်တိုသွားပြီ။

“ဟာ တဗျာဗျာနဲ့ ဒီအိမ်က သူ့သူငယ်ချင်းအိမ်တဲ့ အဲ့တာဆို ရှင့်သူငယ်ချင်းပေါ့ ရှင့်သူငယ်ချင်း
မဟန်သာဦးလေ မသိဘူးလား? မသိဘူး မရှိဘူးဆိုရင်လဲ ပြန်ပြီ”

အခုမှ သုတ သဘောပေါက်ကာ ရီချင်စိတ်ကို မနည်းထိန်းလိုက်ရပြီး “ဟာ ရှိတယ် ရှိတယ် sorry !ရုတ်တရက်ဆိုတော့ ကြောင်သွားလို့၊ ခေါ်ပေးမယ်”

ဝေ့ဘက်ကို လှည့်ပြောပြီး ထိုလူက အိမ်ထဲဘက် လှည့်ပေးပြီး ခေါ်ပေးသည်။

“ဟန်သာရေ ဟေး ဟန်သာ အန်တီယူခိုင်းတဲ့ပစ္စည်းရောက်ပြီ ဟေး မမဟန်သာရေ”

“ချီးတဲ့မှ မမဟန်သာလား ဘယ်မလဲပစ္စည်း”

ဖျတ်ကနဲရောက်လာသော လူရိပ်နဲ့အတူ အသံကြောင့် ဝေအံ့ဩသွားသည်။

“ဟင် ယောင်္ကျားသံကြီး” ဝေကတော့ စိတ်ထဲက ရွတ်လိုက်မိတာလို့ ထင်ပေမဲ့ အသံထွက်သွားသည်ထင်သည်။

ခနကရောက်‌လာသောသူ၏ မျက်စောင်းဒဏ်ကို ဒိုင်းခနဲခံလိုက်ရရုံမက အရင်ရှိပြီးသားသူနှစ်ယောက်၏ ကြိတ်ရယ်ခြင်းကိုပါ လက်ခံရရှိလိုက်သည်။

သုတက သူမလက်ထဲက ပစ္စည်းကို ညွှန်ပြလိုက်ပြီး“အဲ့မှာ”လို့ပြောလိုက်သည်။

ဝေက ရောက်လာသောသူကိုတလှည့် ပစ္စည်းကို တလှည့်ကြည့်ရင်း “ဝေက မဟန်သာဦးကို ပေးရမှာ”

ဝေ့စကားကြောင့် ခနက နှစ်ယောက်ပဲ ကြိတ်ရယ်ကြပြန်သည်။

နောက်ဆုံးမှ ရောက်လာသောသူကတော့ “ဘာကို မဟန်သာဦးလဲ ၊ ဟန်သာဦးဗျ၊ ကျနော် ကျနော်၊ ဟန်သာဦးဆိုတာ ကျနော်”

ကြားလိုက်ရသောစကားကြောင့် ဝေ့မှာ “အယ်”ဆိုပြီး ဘာမှမပြောနိုင်။

ပြီးမှ “တောင်းပန်ပါတယ်နော် ၊ဝေကလေ မမက ဟန်သာဦးဆီပို့ပေးဆိုတော့လေ ၊ ပြီးတော့ လက်၀တ်ရတနာလဲ ဖြစ်နေတော့ မိန်းကလေးပဲလို့ ထင်လိုက်တာ၊ တကယ်အားနာပါတယ်နော်”

“ရပါတယ် ဒါနဲ့ ခင်ဗျားက ခနက ကျနော့ဆီက ကားလုစီးသွားတဲ့သူမလား”

သူမေးလိုက်သော မေးခွန်းကြောင့် ဝေ ကြောင်သွားသည်။

ပြီးမှ သတိရသွားပြီး “ဝေ ကားလုစီးမိတာ ရှင်လား၊ အဲ အားနာစရာတွေ များကုန်ပြီ”

“ထားလိုက်ပါ အရေးကြီးလို့ဆိုပြီး ပြောသွားတယ်မလား ၊ တကယ်အားနာတယ်ဆိုရင် နာမည်ပြောပြမလား ၊ ဒါမှမဟုတ် ဝေတလုံးပဲလား”

ဝေ့ကို စိုက်ကြည့်ပြီး ပြုံးကာပြောလိုက်သော သူ့စကားကြောင့် ဝေ့မှာ သူ့ကို ငေးမိသွားသည်။

သူပြုံးလိုက်တဲ့ပုံလေးက ချစ်စရာလေး။ တကယ်ကို နွေးနွေးထွေးထွေးလေး။

“အဟမ်း”
သူ့ကို ငေးကြည့်နေတုန်း သူကချောင်းဟန့်လိုက်တာမို့ ဝေလဲ ရှက်သွားသည်။

လူကြီးရှက်တော့ ရယ်တယ်ဆိုတဲ့အတိုင်း ဝေလဲအကြောင်းအရင်းမရှိ ထရယ်လိုက်မိသည်။

ဝေရယ်နေတာကို သူကကြည့်ရင်း “နာမည်ပြောပြလေ နောက်တွေ့တဲ့အခါ နှုတ်ဆက်ရတာပေါ့”

“ယဉ်လဲ့ဝေ”

“ကျနော့နာမည်ကတော့ ဟန်သာဦး ၊ ရင်းနှီးတဲ့သူတွေက ဟန်သာလို့ခေါ်တယ်၊ ဝေလဲ ကျနော့ကို ဟန်သာလို့ခေါ်၊ ကျနော်လဲ ဝေလို့ခေါ်မယ် ရမလား”

“အင်း”

“ဒါက ကျနော့ သူငယ်ချင်းလေ မင်းသုတတဲ့”သူ့ဘေးက သူငယ်ချင်းပုခုံးကိုပါ လှမ်းဖက်လိုက်ပြီး မိတ်ဆက်ပေးလိုက်တာမို့ ဝေလဲ ပြန်ပြုံးပြရင်း “သွားတော့မယ်နော်”ဆိုပြီး နှုတ်ဆက်လိုက်တယ်။

သူကလဲ “အင်း Bye Bye”ဆိုပြီး အိမ်ထဲ ပြန်လှည့်၀င်သွားတာမို့ ဝေလဲ ပြန်လှည့်လာရင်း ချိုသာလွန်းတဲ့သူ့ပုံစံလေးက မျက်လုံးထဲ စွဲပါလာတော့သည်။

မတူညီသော ဆုံမှတ်များWhere stories live. Discover now