"မလိုဘူးဟျောင့်။ အဲ့လောက်မဆိုးသေးဘူး"
"ဘယ်လိုဖြစ်လို့ ကလေးကို သွား သွား စနေတာလဲ"
"ငါ့ရှေ့မှာ ကြက်တောင်စည်းနဲ့ လှုပ်တုပ် လှုပ်တုပ် လုပ်နေတာကိုး။ အသဲယားလာလို့ လုပ်လိုက်မိတာ"
"တခြားကလေးတွေ ရှိနေတာကိုကွာ ရွှေယောက်ဖလေးကိုမှ ရွေးလုပ်ရလား"
"ငါ့ကံကို မကောင်းတာ။ အသဲယားလို့ သွားဆွဲမိတိုင်း အဲ့ကလေးဖြစ်နေရတယ်လို့"
"မင်းနဲ့ ခင်လေး ဖူးစာများ ပြန်ဆုံမလို့လား မသိဘူး"
"ချီးပဲ ခွေးကောင်တွေ။ ပြောရင်းနဲ့ ဖောက်လာပြန်ပြီ"
ကိုယ့်ကိုပြောင်ပြီး လှည့်ထွက်သွားတဲ့ ကလေးကိုကြည့်ပြီး သဘောတကျပြုံးလိုက်မိသည်။ ခင်လေးမောင်လေးမို့လို့လားမသိဘူး တကယ်ကို ချစ်ဖို့ကောင်းလွန်းသည်။
လင်းရာတို့ကပြီးတော့ EP အဖွဲ့အလှည့်မို့ မမားတို့ရှိရာကို သွားတဲ့အချိန် ကြက်တောင်စည်းကို တစ်ခါထပ်ပြီး အဆွဲခံလိုက်ရပြန်သည်။
"အ"
တောက် ဒီလူကြီးတော့ ဘယ်လိုဖြစ်လို့ လာဆွဲပြန်တာတုန်း။
"ခင်ဗျားကြီး ဘယ်လိုဖြစ်နေလဲ"
လက်သီးရွယ်ပြီးလှည့်လိုက်တော့ ဟိုလူကြီး မဟုတ်ဘဲ တခြားသူဖြစ်နေသည်။
"Sorry ကိုယ်အူယားလွန်းလို့ ဆွဲလိုက်မိတာ"
"ဪ . . . ဟုတ်လား"
'ဟုတ်လား' ဆိုတဲ့ စကားအဆုံးမှာ ထိုလူရဲ့ ဆံပင်ကို လင်းရာ အားကုန်စောင့်ဆွဲလိုက်သည်။
"အ!!! မင်းးး"
"Sorry ကျွန်တော်လည်း ခင်ဗျားဆံပင်ကို ကြည့်ပြီး အူယားသွားလို့"
"ဟားးးးး ဘာလေးလားကွာ။ စွာလိုက်တာ"
ထိုသူရဲ့စကားသံကို မကြားချင်ယောင်ဆောင်ပြီး လင်းရာ လှည့်ထွက်လာခဲ့လိုက်သည်။ လင်းရာ မင်းလေး ဒီနေ့ကံမကောင်းပါ့လား။
"မမား"
"ဟင်"
"သားဆံပင်ကို လာလာဆွဲကြတယ်"
YOU ARE READING
မြတ်နိုးစွာ နှောင်ဖွဲ့မိသော
Romanceတကယ်ပါ ခြေတစ်လှမ်း လှမ်းတိုင်း လူကြီးကို တစ်ခါလွမ်းခဲ့တာ။ ခင်ဗျားပေးခဲ့တဲ့ Foot Chainလေးက ခြေလှမ်းလိုက်တိုင်း ခင်ဗျားကိုလွမ်းဖို့ သတိပေးနေသလိုပဲ။ ကျွန်တော် ခြေတစ်လှမ်း လှမ်းရမှာတောင် ကြောက်နေခဲ့မိတာ။
Part 3 (U+Z)
Start from the beginning