"အေး အဲ့ဒါဆို မြန်မြန်စား။ ငါတို့ဌာနထဲလည်း သွားရဦးမှာ။ လုပ်စရာတွေအများကြီးပဲ"

အားလုံး စားသောက်ပြီးစီးသွားတော့ သားသားတို့ ဌာနထဲကို အရင် အပြေးသွားရပေသည်။

သားသားတို့ ဌာနရောက်တော့ MP ရဲ့ တစ်ဦးတည်းသော မိန်းမလှလေးကို အရင် အလှပြင်ပေးဖြစ်သည်။ MPမှာ အားလုံးက ယောင်္ကျားလေးတွေချည်းမို့ အလှပြင်ပေးနိုင်မယ့်သူက ဆရာမတွေကလွဲရင် မရှိပေ။ ချယ်တို့ကလည်း သမီးတို့ လိမ်းပေးပါဆိုလို့ ခင်လေးတို့အဖွဲ့က တာဝန်ယူပေးဖြစ်တာပါ။

သားသားနဲ့တူတူကမယ့် ကလေးတွေ အကုန်လုံးကို မိတ်ကပ်လိမ်းပေးပြီးတော့မှ သားသားကိုနောက်ဆုံးမှ လိမ်းပေးရသည်။

"ခင်လေး"

"ဟေ"

"နင့်မောင်ကို လိမ်းပြီးရင် ငါ့ကို ဒေါ်မိုးကဖို့ လိမ်းပေးပါဦးဟာ . . . နော်"

"ဟမ် စံနီ နင်ငါ့ကို အလုပ်ရှုပ်ပြန်ပြီ။ ငါဌာနထဲကို ခုထိ မရောက်သေးဘူး။ ငါတို့ဌာနက ကလေးတွေကိုလည်း လိမ်းပေးရဦးမယ်"

"ငါ့ကို မြန်မြန်လေး လိမ်းပြီးသွားလေဟာ နော်။ လုပ်ပါ ခင်လေးရယ်"

"ဒီမသာ ရုပ်ကြမ်းကြီးနဲ့လာနွဲ့ပြနေတယ်။ လာ ငါလိမ်းပေးမယ်"

သစ္စာနဲ့ စံနီ ပြောနေတုန်းမှာ နွယ်က အားသွားတာမို့ နွယ်ဆီလာဖို့ လှမ်းခေါ်လိုက်ရသည်။

"အေး နင်အားသွားပြီလား နွယ်လေး"

"အေး လာ"

"ကျေးဇူးပါ တစ်ပင်ထဲ ရင်ထဲကနွယ်"

"ဒီမသာတော့ နာတော့မယ်"

“ရက်စက်ပါ့ မိနွယ်ရယ်”

"ထိုင် မြန်မြန်"

နွယ်တို့အဖွဲ့က ခုနှစ်ယောက်ရှိပြီး တစ်ကျောင်းလုံးနီးပါးနဲ့ ခင်ကြပါသည်။ အရင်က သစ္စာကို အားလုံးက စစ်ပိုင်ခေါ်သလို စနောက်ပြီး ခင်လေးလို့ ခေါ်ကြပေမယ့် စစ်ပိုင်းနဲ့ လမ်းခွဲပြီးတဲ့ နောက်မှာတော့ နွယ်တို့အဖွဲ့က ခင်လေးကို သစ္စာလို့ ပြောင်းခေါ်ခဲ့ကြတာပါ။ ခင်လေးလို့ခေါ်တိုင်း စစ်ပိုင်ကို သတိရလို့ ငိုတတ်တဲ့ခင်လေးကို နွယ်တို့ အရမ်းသနားခဲ့ကြလို့ပါ။

မြတ်နိုးစွာ နှောင်ဖွဲ့မိသောWhere stories live. Discover now