ဒါပေမယ့်.....
"သြော်... ကျေးဇူးနော် ကိုမိုးပင်လယ်...ခေမီလဲ တစ်ရှုးလိုနေတာ"
မိုးပင်လယ် လက်ထဲကတစ်ရှူးက ခေမီလက်ထဲရောက်သွားပြီး ခေမီ့ရဲ့ ရှက်ဝဲဝဲရယ်သံနဲ့အတူ အားလုံးအကြည့်က သူ့ဆီရောက်လာတယ်။
"ဗျာ...သြော်..ဟုတ်ကဲ့ နွေဉီးရော ယူဉီးမလား"
"ရတယ်..မယူတော့ဘူး"
မိုးပင်လယ် ခေါင်းညိတ်ကာခေါက်ဆွဲကိုတူနဲ့ညှပ်ယူလိုက်ပြီး စိတ်ညစ်ညစ်နဲ့ ပါးစပ်ထဲထည့်နေတုန်းမှာပဲ...
"ဆရာဆီး...ဆရာက ဘယ်လိုလုပ် ဒေါက်တာခေမီ တစ်ရှုး လိုမှန်းသိတာလဲ"နပ်စ်ဖြူဖြူအိ ကမေးတော့ ဘေးက နပ်စ်သဒ္ဒါထက်ကလဲတူကိုကိုက်ပြီး ခေါင်းညိမ့်ပြတယ်။သူလဲသိချင်နေပါတယ်ပေါ့...
နင်တို့ကသိချင်နေ ငါကစိတ်ညစ်နေပြီ...
နွေဉီး မျက်နှာအနေအထားကတော့ ဘာမှအပြောင်းအလဲမရှိဘဲ ခေါက်ဆွဲကိုပဲအာရုံစိုက်ပြီးစားနေတယ်။သူလဲ သိချင်နေတဲ့ ၂ယောက်ကို ဆက်စားဆိုတဲ့အမူအရာလုပ်ပြပြီး မသိချင်ယောင်ဆောင်နေလိုက်တယ်။
စိတ်ညစ်ရတဲ့အထဲ!!
သူတို့ရဲ့ ပညာပေးအစီအစဉ်ကို ရွာဘုန်းကြီးကျောင်းဓမ္မာရုံမှာစီစဉ်ထားတာမို့ဘုန်းကြီးကျောင်းကိုသွားကြရမှာဖြစ်တယ်။ပစ္စည်းပစ္စယတွေကတော့ ရွာလူကြီးက ရွှေ့ထားပြီးပြီ။
မနက်၁၀နာရီထိုးလောက်ကျ သူတို့ ဆရာဝန်သုံးယောက်နဲ့နပ်စ်၂ယောက်လဲ တစ်ယောက်နဲ့တစ်ယောက် မျက်လုံးချင်းဆုံမိချိန်မရှိအောင်အလုပ်ရှုပ်တော့တယ်။ရွာကလူကြီးသူမတွေကိုအခြေခံကျန်းမာရေးစစ်ဆေးတာတွေ ဘာတွေနဲ့ နေ့လည် ၂နာရီကိုရောက်မှန်းမသိရောက်လာတယ်။နေ့လည်စာကတော့ ဘုန်းကြီးကျောင်းမှာပဲ စားဖြစ်ကြတယ်။
အကုန်လုံးနားနေကြတဲ့အချိန်မှာတောင်နွေဉီးက လူနာတွေဆက်ကြည့်နေလို့ မိုးပင်လယ်သွားခေါ်လိုက်တယ်။
"နွေဉီး ခဏနားဉီးလေ..ထမင်းမစားဘူးလား"
"ကျွန်တော်မဆာသေးဘူး"
"မဆာသေးဘူး!!မနက်ကခေါက်ဆွဲလေးတစ်ပွဲပဲစားထားတာလေ"
နွေဉီးကပြီးပြီးရော ခေါင်းညိတ်ပြရင်း...
"ကျွန်တော်က တော်ရုံမဆာတတ်ဘူး...ဟောပြောမှာက၄နာရီစမှာမလား ဆရာတို့ရေမိုးချိုးထားနှင့်ကြလေ..ကျွန်တော်ပြီးတော့မှာပါ"
YOU ARE READING
?Daffodils[Complete]
Romanceတောင်ပေါ်ဒေသဆေးရုံတစ်ခုမှာတာဝန်ကျကြတဲ့ခွဲစိတ်ဆရာဝန်လေး၂ယောက်ရဲ့Love story ရိုးရိုးလေးပါပဲ... ဖြေးဖြေးငြိမ့်ငြိမ့်drama ဇာတ်လမ်းလေးတွေကြိုက်သူတွေအတွက်ပိုအဆင်ပြေမှာပါ...
🍁Daffodils အပိုင်း(၈)ချယ်ရီရင်ခုန်သံ
Start from the beginning