🖤Part 23🖤

2.8K 315 92
                                    

[Unicode]

"Appa"

"ဟင်"

"သမီးဟိုမှာဆော့ချင်လို့"

သူထိုင်နေတဲ့ချယ်ရီပင်အောက်ကျော်ကျော်နားမှာရှိတဲ့ ပန်းခင်းထဲဆော့ဖို့ခွင့်တောင်းနေခြင်း

"အင်း ဘယ်မှတော့လျှောက်မသွားနဲ့နော်"

"ဟီးဟုက်"

ထွက်သွားတဲ့သမီးဖြစ်သူကိုကြည့်ကာပြုံးမိပါသည် တဖန်သူ့ရှေ့က အုတ်ဂူလေးဆီ အကြည့်ရောက်မိတော့ သူသက်ပြင်းခပ်ဖွဖွချမိသည်

"ကလေးရေ ကိုယ်တို့သမီးလေးက ခုဆို၃နှစ်တောင်ပြည့်သွားပြီ ကိုယ်ကလေးပြောသလို ကောင်းကောင်းရှင်သန်နေပါတယ် ဒါပင်မဲ့ကလေးရယ် ပင်ပန်းတယ်"

"လွမ်းလည်းလွမ်းတယ် ဟား"

မျက်လုံးထဲပြန်လည်ရစ်သိုင်းလာတဲ့မျက်ရည် တွေ နှစ်တွေသာကြာသွားတာကိုယ့်အတွက်အဆေမပြေသေးဘူး

ကလေးထွက်သွားတာ သုံးနှစ်တောင်ရှိပြီ ကလေးမရှိတဲ့နောက် သူကအရိုက်အရာကိုစွန့်လွှတ်ပြီး ရွာထဲကအိမ်တော်မှာပဲနေတယ် အခုမင်းကြီးကတော့ အကိုတော်ဂျီမင်းပေါ့  ဒီနေ့ကနှစ်ပတ်လည်နေ့မို့ နန်းတွင်းက ကလေးဆီသူလာတွေ့ခြင်းပေ
သမီးလေး အင်း သမီးလေးရဲ့နာမည်က Kim taekookတဲ့......

ဒီလိုနဲ့ညနေစောင်းလာတဲ့အခါ

"သမီးရေ လာပြန်ရအောင်"

"ဟုက်"
အနားရောက်လာတဲ့သမီးရဲ့လက်ကိုဆွဲကာ

"Papaကိုနှုက်ဆက်လိုက်ဦးလေ"

"ဟုက် ပါးပါး သမီးတို့သွားတော့မယ်နော် နောက်လည်းအများကြီးလာတွေ့မယ်နော်"

ခေါင်းလေးညွှန့်ကာအရိုအသေပြုပြီး သူလည်းသမီးဘေးလက်ကိုဆွဲကာထွက်လာခဲ့လိုက်သည် ဒီတစ်ခါကိုယ်တော်နှုက်ဆက်ဖို့မလိုတော့ပါဘူး ဘာလို့ဆို.....

"ဟာ အူရီ ကင်မ်‌ထယ်လေး"

"ဟီး ဦးရီးတော်"

ဆိုကာ မင်းကြီးဂျီမင်းကိုပြေးဖတ်လိုက်သူလေး

"ဦးဦး ယွန်းဂီ အညော်"

ဂျီမင်းအနောက်က ယွန်းဂီကိုမြင်တော့ နှုက်ဆက်လေသောကလေးမ ထိုအခါယွန်းဂီကပြုံးပြလေသည်

🖤Once upon a time 🖤Where stories live. Discover now