🖤Part 2🖤

3.8K 455 15
                                    

[Unicode]

ထိုမင်ဂလာဦးညကစပြီးမေ့သွားတဲ့ ကြင်ယာတော်jung kookဟာ ယခုဆို‌ေမ့‌ေမျာ‌ေနသည်မှာနှစ်ရက်‌ေတာင်ရှိလေပြီ၊ မင်းသားကင်မ်ဟာလည်း မေးမြန်းခြင်းမရှိသလိုသွားတောင်မ‌ေတွ့ခဲ့ပါ 

သုံးရက်မြောက်နေ့ညဘက်တွင် မင်းသား Kim Taehyungစာဖတ်နေသည်။ ကိုယ်ရံတော်ဟိုဆော့ဟာလည်း မင်းသားအမိန့်နဲ့တံခါးနားမှာထိုင်ကာ စာပေလေ့လာနေ‌သည်။ မင်းသားကင်မ်စိတ်ထဲတွင်တော့သိပ်မကြည်လှ၊ တကယ်ဆိုကိုယ့်သားမေ့နေတာကို ဖခမည်းတော်ဖြစ်တဲ့လက်ဝဲအမတ်ကလာ‌ေတွ့ရမည်မဟုတ်လား၊အခုဖြင့်အရိပ်‌ေယာင်တောင်မတွေ့ ၊သူ့သားကိုဒီလိုလုပ်လည်းသူကမပျော့ညံ့ပါဘူးလို့ပြချင်တာများလား ~ ဒါမှမဟုက်နဂိုတည်းက သူ့တို့သားအဖဆက်ဆံရေးကမကောင်းတာလား~ စသည့် စသည့် အတွေးများဖြင့်ရူပ်ထွေးနေချိန်

"မင်းသား မင်းသား"

အလောတကြီး၀င်လာတဲ့အထိန်းတော်ကြောင့် တံခါးထောင့်က စာဖတ်ရင်းငိုက်‌မြည်း‌ေနတဲ့ဟိုဆော့တောင်လန့်သွားခဲ့သည်

"ဘာဖြစ်လာတာလဲအထိန်းတော်ကြီး"

မင်းသားကင်မ်ကမေးလိုက်တော့

"ဟို ဟီး ကြင်ယာတော် သတိရလာကြောင်းလာလျှောက်တာပါ"

"ဘာများလဲလို့ ဒီတော့ငါကိုယ်တော်ကဘာလုပ်ရမှာလဲ"

"ဟို ကြင်ယာတေည်ဂျွန်လေးက ခုမှသတိရတာလေမေ့နေတာလဲကြာပြီ ဆိုတော့ အဲ့တာ"

"အထိန်းတော်ကြီး!!!"

"ဗျာ မင်းသား"

"ငါကိုယ်တော်ပြောမယ်သူနဲ့ပတ်သတ်ရင်ဘာမှမလျောက်နဲ့ ၊ ငါမကြားချင်ဘူး ။ပြီး‌ေတာ့ အထိန်းတော်ကြီး ငါကိုယ်တော့်ကိုသတင်းသွားမေးခိုင်း‌ေနတာလား ~"

"မဟုတ် ဟို~"

"သူမေးရင်လည်း ငါမအားဘူးလို့ဘဲပြောလိုက်ပါ အထိန်းတော်ကြီး"

"ဟို"

"ကျစ် ဘာတွေတစ်ဟိုဟိုဖြစ်နေတာလဲ~ မသွားသေးဘူးလား~"

ထိုအခါမှ အထိန်းတော်ကြီးလည်း မျက်နှာငယ်လေးဖြင့် မင်းသားအားအရိုအသေပြုလို့ ထွက်သွားခဲ့‌ေလသည်။သို့သော် မင်သားကင်မ်မသိသည်က သူ့ကိုအခစား၀င်မယ့်ကြင်ယာတော် jung kookရှိ‌ေနခြင်းကိုပင်၊ ကြင်ယာတော်ဂျွန်တစ်ယောက် အခန်းထဲ၀င်ဖို့မလျှောက်လိုက်ခင်မှာပဲကြားလိုက်ရသည့်စကားတို့ကြောင့် အနည်းငယ်၀မ်းနည်းမိသွားသည်။

🖤Once upon a time 🖤Where stories live. Discover now