Part- 25🔞

1.7K 75 0
                                    

Unicode

ည ၁၀ နာရီခန့်

"အား......အား......"

ဦးမင်းတော်ဝင်၏အခန်းထဲမှ အော်ဟစ်သံများကြောင့် ဒေါက်တာစိုင်းထင်အိပ်ရာမှကုန်းရုန်းထလိုက်သည် အခန်းမီးကိုထဖွင့်ပီး ဦးမင်းတော်ဝင်၏အခန်းဆီသို့ပြေးရပြန်သည်

"ဒေါက်.....ဒေါက်....."

အခန်းတံခါးခေါက်သော်လဲ ပြန်ဖြေသံမကြားရ ရင်ထဲစိုးရိမ်စိတ်တို့က ဒုန်းကနဲဝင်ရောက်လာပြန်သည် တံခါးကိုဖွင့်ကြည့်တော့ အလွယ်တကူပင်ဖွင့်ရသည်

သူအခန်းထဲရောက်သည့်အချိန်တွင် ဦးမင်းတော်ဝင်၏အရိပ်အရောင်တောင်မတွေ့ရချေ ပြတင်းပေါက်မှဝင်လာသော လရောင်၏အကူအညီဖြင့် အခန်းကလေးသည် မှိန်ဖျဖျကလေးသာလင်းနေသည်

"အကို.....အကိုဘယ်မှာလဲ....."

ခဏကြာသည်အထိ ပြန်ထူးသံမကြားရ တုန်ယင်နေသောလက်တို့နှင့် အခန်းမီးအားဖွင့်မည်အပြု

"အာ့....."

ရုတ်တရက် အနောက်မှသိုင်းဖက်လာသောလက်တစ်စုံကြောင့် နှလုံးခုန်သံပင်ရပ်သွားမတက်

"အ....အကိုဘာလုပ်တာလဲ "

ဦးမင်းတော်ဝင်သည် အနောက်မှသိုင်းဖက်လျက် သူ၏ပုခုံးပေါ် မေးတင်ထားလေသည်

"အသည်းငယ်ကဒီတိုင်းခေါ်ရင်လာမှာမှမဟုတ်တာ"

"ဘာလို့လာရမှာလဲ.....လွှတ်ပါ"

ဦးမင်းတော်ဝင်၏လက်တို့သည် သူ၏ရင်ဘက်အား အထက်အောက်ပွတ်ဆွဲနေသည် ယောကျ်ားသားအချင်းချင်းမို့ အရိပ်ပြလျှင်အကောင်းမြင်လေသည်

"အသည်းငယ်....."

သိုင်းဖက်ထားသောလက်တို့ကိုဖြေချပီး မျက်နှာချင်းဆိုင်အခြေအနေဖြစ်အောင် ခန္ဓာကိုယ်ကိုဆွဲလှည့်လိုက်သည်

"အ....အကိုနော်"

လရောင်ကြောင့် ဦးမင်းတော်ဝင်၏မျက်လုံးတို့မှာအရောင်တောက်လျက်ရှိသည် တဖြေးဖြေးတိုးကပ်လာသော မျက်နှာလေးအား ရှောင်လွဲချိန်တောင်မရလိုက်

"အကို.....အ....."

နီထွေးထွေးနှုတ်ခမ်းတစ်စုံနှင့် နွေးထွေးသောအထိအတွေ့တစ်ချို့က သူ၏ရင်ခုန်သံကိုအတိုင်းမသိမြန်စေသည်

ထာဝရအတွက် ဖြစ်တည်သော (ထာဝရအတွက် ဖြစ်တည်သော)Completed Where stories live. Discover now