Unicode
ဆောင်းမနက်ရဲ့အအေးဓာတ်က တစိမ့်စိမ့်နှင့်တိုးလာသောကြောင့် ပိုလိုကွေးမိသည် နှာခေါင်းထဲတိုးဝင်လာသော အမွှေးနံ့များကြောင့် ဗိုက်ထဲတွင်လဲတဂွိဂွိနှင့်
"အာ....မွှေးလိုက်တာ"
ဗိုက်ကိုလက်နှင့်ပွတ်ရင်း ဆိုဖာပေါ်မှကုန်းရုန်းထလိုက်သည် ဆံပင်များကို လက်ဖြင့်ထိုးဖွရင်း ညကဆိုဖာပေါ်အိပ်ပျော်သွားတာကိုသတိရသည်
ကိုယ်ပေါ်လွှမ်းထားသည့် တဘတ်ပါးလေးကိုကြည့်ရင်း မသိမသာပြုံးမိသည် ညကတမင်တကာ ဆိုဖာပေါ်အိပ်လိုက်တာဖြစ်ကြောင်း ဦးမင်းတော်ဝင်သာသိလျှင် စိတ်ဆိုးလောက်မည်ထင်သည်
မီးဖိုခန်းထဲရောက်နေသည့် စားဖိုမှုးလက်သစ်က ဘာတေံချက်ပြုတ်နေမှန်မသိ သူ့မီးဖိုခန်းလေးအား သနားသောအားဖြင့် ကမန်းကတမ်းထကြည့်ရတော့သည်
"အကို.....ဘာတွေဖျက်ဆီးနေတာလဲ"
"အသည်းငယ်အတွက်.....ထမင်းကြော်လေ"
ကြော်လက်စထမင်းကြော်အိုးကြီးကိုညွှန်ပြမှ သေချာကြည့်မိသည် အကိုတော်က အစုံအလင်ထည့်ထားတာမို့ ရေခဲသေတ္တာထဲဘာမှမရှိတော့မှာတောင်စိုးရသည်
"ကုန်ပါပီအကိုရာ......"
"ဟား....ဟား....မျက်နှာသွားသစ်စမ်းပါအသည်းငယ်ရယ်......"
"ကျစ်.....အကိုကရောမျက်နှာသစ်ပီးပီလား"
အနည်းငယ်ပွယွနေသော အသည်းငယ်၏ဆံပင်များအား ပို၍ပွသွားအောင် ထိုးဖွပစ်လိုက်သည်
"အိမ်ရှင်ကမနိုးတော့.....ဟိုး....အရှေ့ကရေပန်းမှာသွားသစ်လိုက်ရတာပေါ့"
"အဲ့တာလဲကောင်းတာပဲ...."
အသည်းငယ်က ပါးချိုင့်လေးများပေါ်သည်အထိပြုံးသည် ယုတ်မာတတ်သလောက် ရုတ်မာလိုက်ရသော ကျေနပ်အပြုံးတို့သာဖြစ်သည်
"ထမင်းကြော်ကဗိုက်ပွတယ်ဗျ.....မစားချင်ဘူး"
ဒယ်အိုးပလပ်ကိုဖြုတ်နေသောအကိုက သက်ပြင်းချသည် လက်တစ်ဖက်ကခါးကိုထောက်၍ ကျန်တစ်ဖက်က သူ၏ခေါင်းကို လာလာပုတ်သည်
VOCÊ ESTÁ LENDO
ထာဝရအတွက် ဖြစ်တည်သော (ထာဝရအတွက် ဖြစ်တည်သော)Completed