"ဒီစကား ကဘယ်လိုအဓိပ္ပါယ်
မျိုးနဲ့ ခင်ဗျားမေးချင်တာလဲ
ပြောရရင် ခင်ဗျားနဲ့ကျတော်
ချစ်လို့လက်ထပ်ကြမှာလဲ
မဟုတ်ဘူး ကျတော်အနေစိမ်းသလို
ဖြစ်နေတာ ကြောင့်မလား
ခင်ဗျားစိတ်မပူပါနဲ့
အချိန်တစ်ခုလောက်ဆို
ခင်ဗျားနဲ့လိုက်လျောညီထွေဖြစ်
သဟဇာတဖြစ်ဖြစ်
ကျနော်နေနိုင်အောင်
ကျနော် ကြိုးစားမှာပါ
ဟုတ်ပြီလား လက်ထပ်ချင်ရဲ့လား
ဆိုတာကတော့ တကယ်ဆို
လက်မထပ်လို့မှမဖြစ်တာ
မဟုတ်ဘူးလား"

"အင်းပါ စိတ်အနှောက်အယှက်
ဖြစ်စေမိရင် ကိုယ်ကဘဲ
ထယ့်ကိုတောင်းပန်တယ်နော်"

"မလိုဘူး တောင်းပန်ဖို့
ပြီး​တော့ ခင်ဗျား အနေနဲ့
ကျတော့်ကို မေးခွန်းထုတ်နေမယ့်
အစား ခင်ဗျားရင်ထဲရှိသလို
ခင်ဗျားရင်ထဲ ခံစားရတဲ့အတိုင်း
ကျ​နော့်ကို ပေးသိပါ
ပြောပြပါ အဲ့တာက
ကျတော်တို့ အဆင်ပြေ​ပြေ
နေနိုင်အောင် ကျနော်နဲ့ခင်ဗျား
ရင်းနှီးလာဖို့ အကောင်းဆူံး
နဲ့အမြန်ဆူံးနည်းလမ်းတစ်ခုဖြစ်
လိမ့်မယ်လို့ကျတော်ထင်တယ်
လူကဲခတ်ညံ့တာ
တဖက်လူဘယ်လိုခံစားရတာ
ကိုကျတော်သိပ်ပြီး နားမလည်
တာမို့ ခင်ဗျားအနေနဲ့ ပွင့်လင်းမယ်ဆို
ကျတော်ခင်ဗျားကိုသိလာဖို့
ကျတော်ခင်ဗျားကိုနားလည်လာဖို့
ကျနော် ခင်ဗျားနဲ့ ရင်းနှီးလာဖို့
လွယ်လာပါလိမ့်မယ်....
ပြီး​တော့ကျနော်ပြောနေတာကိုလဲ
ခင်ဗျားနားလည်မယ်လို့မျှော်လင့်တယ်"

"အင်းပါ ထယ်ရဲ့ ကိုယ်သိပါပြီ"

"အင်း သိတယ်ဆိုလဲပြီးတာပါဘဲ"

"အဲ့တာဆို ကိုယ်ထယ်
ကိုနမ်းချင်တယ်"

"ဘာလား ဒါဘာမှမဆိုင်ဘူးလေ"

"ထယ်ဘဲ ရင်ထဲရှိသလို
ပွင့်ပွင့်လင်းလင်းပြောဆို"

"မရှက်တက်ဘူးလား ခင်ဗျား"

"နဲနဲတော့ရှက်တာပေါ့
ဒါမဲ့ အဲ့နှုတ်ခမ်းလေးတွေကို
နမ်းချင်တာအတော်ကြာနေပြီ
ကိုယ်တကယ်အကြာကြီး
စိတ်ထိန်းထားတယ် တကယ်
တကယ်ပြောနေတာ ထယ်"

"Okလေ နမ်း"

"တကယ်လား"

"နှစ်ခါပြန်မမေးနဲ့ နမ်းဆိူနမ်း
ဘာတွေရှည်နေလဲ"

Couple  Zawgyi UniWhere stories live. Discover now