အပိုင်း(၁၀)

Start from the beginning
                                    

ဆရာဝန် ရောက်လာပြီးနောက် ဆေးတစ်လုံးထိုးပေးသွားကာ ယောင်ရမ်းတာပျောက်သည့်ဆေးတချို့ကို ပေးခဲ့လေသည်။

"မင်း ပစ္စည်းတွေသိမ်းလိုက်၊ ညနေလေယာဉ်နဲ့ပြန်မယ်"

အခန်းထဲကို လှည့်ပတ်ကြည့်ရင့် Tay အိပ်ယာပေါ်က ကောင်လေးကို ပြောလိုက်သည်။

"ဘာ...! ငါ့အလုပ်တွေ မပြီးသေးဘူးလေ "

New တမင်သက်သက်ကို ပြောလိုက်တာဖြစ်သည်။ အလုပ်တွေက မနေ့ကပဲပြီးသွားပြီ ဖြစ်ကာ မော်ဒယ်ကောင်လေးနှင့် လက်ထောက်က မနက်ဖြန်ပြန်မည်ဖြစ်ပြီး သူကတော့ တစ်ပတ်လောက် လည်ပတ်ပြီးမှ ပြန်မယ်လို့ စိတ်ကူးထားသည်။

"ကိုယ့်ကို အထင်မသေးနဲ့ New၊ မင်း ဒီနေ့ဘယ်သွားတယ် ဘာစားတယ် ဘာလုပ်တယ်ကအစ အိမ်သာဘယ်နှစ်ခါဝင်တယ်က အဆုံး ကိုယ်အကုန်သိတယ်။ ပစ္စည်းတွေသိမ်းထား"

ပိုင်စိုးပိုင်နင်းပြောကာ အခန်းထဲကထွက်သွားသည့် Tay၏နောက်ကျောကို လှဲနေရာမှ ခြေထောက်နှင့် လှမ်းကန်သလို လုပ်လိုက်သည်။

"အ...!!!"

အဆုံးသတ်မှာတော့ နာကျင်နေသော အောက်ပိုင်းကြောင့် New ကိုယ်လေးကို ပြန်ခွေကာ နေနေလိုက်ရတော့သည်။

________________________________________

မီးရောင် တဖျပ်ဖျပ်ရှေ့တွင် အမတ်လောင်းသည် အားလုံးကို ပြုံးပြကာ လက်ပြနှုတ်ဆက်လိုက်သည်။

မြို့တော်ဝန်နှင့် အတူ ညစာစားပွဲကို ဇနီးသည်နှင့်အတူတကွတက်ရောက်ပြီး အပြန်တွင် သတင်းသမားများ၏ မှတ်တမ်းတင်ပုံရိုက်ယူခြင်းကို ပူးပေါင်းဆောင်ရွက်နေသည်။

ထိုစဉ်မှာပဲ နိုင်ငံခြား Ph callတစ်ခု လက်ခံရရှိလေသည်။

ယဉ်ကျေးမှုအရ အနီးနားကသူတွေကို ခေါင်းငုံ့ နှုတ်ဆက်ကာ ဆူညံသံတွေ မရှိတဲ့ဘက်ကိုသွား၍ ph လက်ခံလိုက်သည်။

"သူဌေး....အာာာာ အခုဆို အမတ်လောင်းကြီးလို့ ခေါ်ရမှာပေါ့"

တစ်ဖက်က ခပ်ရွဲ့ရွဲ့အသံ ထွက်ပေါ်လာသည်။

"မင်း ဘယ်သူလဲကွ"

အမတ်လောင်းမှာ တစ်ဖက်က မလေးစားစွာ ပြောလာသည့် အသံကြောင့် မာထန်လှစွာ တုန့်ပြန်မိသွားသည်။

မုန်း၍ချစ်ခဲ့သည် ( မုန်း၍ချစ်ခဲ့သည် )(Completed) Where stories live. Discover now