အပိုင်း (၁၁)

Start from the beginning
                                    

မင်းမကြိုက်တဲ့ဆေးလိပ်တွေကိုကိုယ်စွဲလမ်းနေပြီ ။

မင်းကိုလွမ်းရင်းအိပ်မရတဲ့ညတွေကိုဆေးလိပ်တွေဖွာရင်းဖြတ်သန်းနေခဲ့တာအခုဆို၅လပြည့်တော့မယ် ။

အဲ့လိုလွမ်းတဲ့စိတ်တွေကိုလွမ်းတဲ့စိတ်ကိုကိုယ်ဘာနဲ့ဖြေသိမ့်ရမလဲကောင်မလေးရယ် ...

ကိုယ်နာကြင်ရလွန်းလို့ရူရပါတော့မယ် ။

မင်းကမင်းရဲ့နှလုံးသားကိုမင်းအသက်နဲ့လဲပြီးတခြားသူတစ်ယောက်ကိုအပြီးအပိုင်ပေးခဲ့တယ်နော် ...
ဘယ်လိုလုပ်ရမလဲ ? ကိုယ်ကမင်းနဲ့ပက်သက်ပြီးကျန်နေတဲ့အဲ့ဒီ့အရာလေးတော့ကိုယ်ပိုင်ဆိုင်ချင်တယ် ။

ကိုယ့်ကိုအတ္တကြီးတယ်လိုတော့မပြောနဲ့နော် ...

ကိုယ်ကမင်းနဲ့ပက်သက်ရင်အရာအားလုံးကိုကိုယ်တယောက်ထဲပဲပဲပိုင်ချင်တာ

အဲ့ဒါကြောင့် ကိုယ့်ကိုအပြစ်မတင်ပါနဲ့ ... ။

ငါပိုင်ဆိုင်ရာငါ့ချစ်သူနှလုံးသားကိုအပိုင်းစီးသွားတဲ့မင်းနဲ့ ...

ငါမင်းကိုပေးတဲ့နာကြင်မှုနဲ့ပြန်ချေပလိုက်ကြမယ်လေ

ဘယ်လိုတယ် တရားတယ်မလား ?

#Taehyung

~•~

" ရော့ ... !"

အချိန်တိုင်းပင်ပန်းနေရသည့်စိတ်ကြောင့်မြစ်ကမ်းနားခုံတန်းတွင်ထိုင်ရင်း မြစ်ပြင်ကျယ်ကိုငေးမောကာအတွေးနယ်ချဲ့မိနေချိန် ပေါင်ပေါ်သို့ရုတ်တရက်ကျလာသည့်ကဒ်ထူစာအိပ်လေးကြောင့်လန့်သွားရသည်။ထို့နောက်‌ခုံတန်းဘေးတွင်ရပ်နေသည့်လူကိုမော့ကြည့်မိတော့ ၅လကြာအောင်မတွေ့ခဲ့ရသည့်မျက်နှာငယ်ပိုင်ရှင်လေး။

ပြီးသည့်အခါပေါင်ပေါ်မှကဒ်ထူစာအိပ်လေးအားအလျှင်အမြန်ပဲဖွင့်ကာ အထဲမှာဖိတ်စာလေးအားထုပ်ကြည့်မိတော့ဆိုင်သူနေရာမှနာမည်များကြောင့်မျက်၀န်းအစုံပြူးကျယ်သွားခဲ့ရသည်။ချစ်ရသူလူသားအားပြန်ပြီးမော့ကြည့်သည့်အခါခက်ထန်သည့်မျက်နှာထားနှင့်စူးရှရှမျက်၀န်းအစုံတို့ကိုပန်ဆင်ကာသူအားစိုတ်ကြည့်နေ၏။

𝔹𝕃𝔸ℂ𝕂 𝕃𝕆𝕋𝕌𝕊 | အနက်ရောင်ကြာပန်း | CompletedWhere stories live. Discover now