အချစ်စစ်ဇာတ်သိမ်းပိုင်း(part1)

Start from the beginning
                                    

ကလေးကိုမေးတော့လက်မဖြန့်ဘူးဆိုသည့်ပုံနှင့်အဆိုးလေးလုပ်နေသည်..
ကလေးကပြောင်းလဲသွားပြီးအကျင့်လေးတစ်ခုတိုးလာသည်ကအရင်ကဆိုဘာပြောပြောငြိမ်ကုပ်ပြီးကြောက်နေတဲ့ကလေးက အခုတော့ပြောရဲဆိုရဲလေးဖြစ်လာသည်

"မဖြန့်ဘူးပေါ့လေ"
ရုပ်တည်နဲ့ခေါင်းခါသောကလေး
"ရတယ်လေ"
ရှောင်ကျန့်လက်ကောက်ဝတ်ကိုအားနဲ့ဆွဲလိုက်တော့အလိုက်သင့်လေးပါလာတဲ့ကိုယ်လေး..
ကိုရိပေါ်ကလက်တစ်ဖက်နှင့်ခါးလေးကိုထိန်းကိုင်ပြီးခန္ဓာကိုယ်နှစ်ခုကိုနီးကပ်စေလိုက်သည်..

ရုတ်တရက်မို့လန့်သွားသည်နှင့်တူပါသည်မျက်လုံးလေးတို့ကကလည်ကလည်နှင့်..
အသည်းယားမိပြန်တော့လည်းဒီလူကပဲအဆိုးဖြစ်အုန်းမည်..
နောက်မှသတိရလာသည်နှင့်တူပါသည်..

သူ့လက်သီးဆုပ်သေးသေးတို့နှင့်ရင်ဘက်ကိုထုကာနှုတ်ခမ်းလေးဆူပြီးမော့ကြည့်သည်.

"ဘယ်လိုဖြစ်လို့လူကိုပိုင်စိုးပိုင်နင်းလာဖက်နေတာလဲ"
"ကိုယ်ပြောတာကိုမှဒီအဆိုးလေးကနားမထောင်ပဲ"
"ဒီကလူကြိီးနဲ့ကျွန်တော်နဲ့ကမဆီမဆိုင်တွေလေကိုယ့်ဘာကိုနားထောင်ချင်ထောင်မယ်မထောင်ချင်..."

စကားကိုဆုံးအောင်ပြောခွင့်မပေးဘဲရိပေါ်ကရှောင်ကျန့်နားထင်လေးကိုနမ်းကာပြေးသည်

"အကို!"
ပင်လယ်ကမ်းနားတွင်နမ်းပြီးပြေးသူနှင့်အနမ်းခံရလို့ရှက်ရမ်းရမ်းပြီးလိုက်သူနှင့် လှိုင်းလှလှကောင်းကင်ရောင်စုံဖြင့်ထိုမြင်ကွင်းကပန်းချီကားချပ်တစ်ခုကဲ့သို့ပင်....

ပြေးလွှားရင်းနှင့်မောကာရိပေါ်ကရပ်လိုက်တော့ရှောင်ကျန့်ကလည်းမိပြီဆိုပြီးအရှိန်ကိုရပ်လိုက်သော်လည်းခလုတ်တိုက်ကာမထိန်းနိုင်ပဲဟန်ပျက်သွားသည်
ရိပေါ်ကလည်းရှေ့တည့်တည့်သို့ပြုတ်ကျလာသောကိုယ်ငယ်လေးကိုဖမ်းရန်လက်နှစ်ဖက်ကိုဆန့်တန်းပြီးအလိုက်သင့်လေးကြိုလို့နေသည်..

"ဗုန်း"

ရှောင်ကျန့်ကလည်းအရှိန်နှင့်မို့နှစ်ယောက်လုံးသဲပြင်ပေါ်သို့ပြုတ်ကျသော်လည်းရှောင်ကျန့်ကအနည်းငယ်လေးပင်နာကျင်မှုမရှိလိုက်ပေ..

အချစ်စစ်(Yizhan version)Where stories live. Discover now