အပိုင်း(၉)

Start from the beginning
                                    

မျက်လုံးအစုံဖွင့်လိုက်တော့ မိုးပြာရောင်မျက်နှာကျက်ကို မြင်လိုက်ရသည်။

ညကကိစ္စကို စဉ်းစားကြည့်တော့... ဦးလေးZeal...ကို သတိရသွားပြီး အိပ်နေရာမှ ထလိုက်တော့....

" အား!!!!! ဘယ်ခွေး×× ငါ့ကိုဘာလုပ်သွားတာလဲ".
ခန္ဓာဗေဒအရ မိမိတစ်ကိုယ်လုံး ကိုင်ရိုက်ထားသလိုဖြစ်ကာ အောက်ပိုင်းက သိသိသာသာ နာကျင်နေလေသည်။

ကိုယ်ပေါ်ကစောင်ကို ဖယ်ခွာလိုက်တော့ ဖြူလွန်းသောအသားရည်မှာ နေရာအနှံ့ကိုက်ရာ ဗရပွဖြင့် အညိုမဲစွဲနေလေသည်။

အခန်းထဲဝေ့ကြည့်တော့ ဟိုတယ်ခန်းတစ်ခုထဲ ရောက်နေပုံရသည်။

Ph Ringing...!!!

ကုတင်အောက် ကျဲပြန့်နေသော New၏ အဝတ်အစားတွေထဲမှ အော်မြည်လာသော Phသံ။

ညကပြန်မအိပ်သည့် Newကြောင့် လက်ထောက်က ရှာနေတာဖြစ်မည်။

နည်းနည်းချင်းစီ ကိုယ်ကိုရွှေ့ပြီး ကိုယ်ကိုကိုင်း၍ ကုတင်အောက်ကို လက်လှမ်းလိုက်သည်။

မိမိမျက်စိအရှေ့ကို ဝင်လာတဲ့ ခြေထောက်တစ်စုံ၊ အထက်ကိုရွေ့သွားတော့ နီညိုရောင် Bathrobeကို ခါးတွင် ခပ်တင်းတင်း စည်းနှောင်ထားသည့် ကြိုးရှည်ရှည်နှစ်စက အောက်ကိုတွဲလျားကျနေလျက်၊ အထက်ဘက်ကို စုံဆန်သွားတော့ ရင်ဘက်ဟကွဲထဲမှ ကြွတက်နေတဲ့မာဆယ်အမြောင်းတွေကို တွေ့လိုက်ရသည်။

ဂလု...!!!

Newရဲ့ Adam's Appleလေးက အထက်အောက် လှုပ်ရှားသွားသည်။

မျက်နှာကို မကြည့်မိခင်မှာပဲ မျက်စိရှေ့ကိုရောက်လာသည့် New၏Phလေး။

လက်ကိုဆန့်ထုတ်ပြီး ယူလိုက်ကာ...

"ကျေးဇူးတင်...ဟင်...ခင်ဗျားက ဘယ်လိုလုပ် ရောက်နေတာလဲ"

Newအလန့်တကြား မေးမိသည်။

"ကိုယ်တို့တစ်ညလုံး အတူတူရှိခဲ့ပြီးပြီပဲ ဒီမှာရှိတာ ဘာထူးဆန်းလို့လဲ"

Tayက ထီမထင်သည့်ဟန်အပြည့်ပါသော မျက်နှာထားဖြင့်ဖြေရင်း ခုံတစ်လုံးပေါ် ဝင်ထိုင်သည်။

" ဒီလိုဖြစ်အောင် လုပ်ထားတာ ခင်ဗျားလို့ မပြောနဲ့နော်"

ကိုယ့်မျက်စိကို ကိုယ်တောင် မယုံနိုင်လောက်သည်အထိ ဖြစ်သွားရသည်။

မုန်း၍ချစ်ခဲ့သည် ( မုန်း၍ချစ်ခဲ့သည် )(Completed) Where stories live. Discover now