DADDY 🏡 04 (Z&U)

8.8K 817 10
                                    

DADDY 🏡 04
(Zawgyi)

အမြွှာလေးတွေကို သူစိမ်းတစ်ယောက်လက်ထဲစိတ်ချလက်ချအပ်ပြီး အိပ်မောကျသွားတဲ့ဒီကမောင်။ သူ့ကိုယ်သူလည်းအံ့သြလို့မဆုံးဖြစ်ရသည်။

ကလေးတစ်ယောက်ထိန်းရတာတောင်မလွယ်တာ ငါးယောက်ဆိုတော့ ဒီကမောင်အတွက်တကယ်ပြောမပြတက်အောင် ခက်ခဲပင်ပန်းသည်။

ငြိမ်းသာရှိရင်ဆိုတဲ့ အတွေးဝင်လာရင်ပိုလို့ဆိုးသည်။ ဒီကမောင်တစ်ကိုယ်လုံးမှာရှိတဲ့ အင်အားတွေနုတ်ယူခံလိုက်ရသလို ဝမ်းနည်းစိတ်ကစို့တက်လာတက်သည်။

ဒီပုံစံနဲ့ ဘယ်လိုများရှေ့ဆက်သွားရပါ့မလဲလို့ စိတ်ပျက်လက်ပျက်ဖြစ်နေမိတဲ့အချိန်မှာ ရောက်လာတဲ့ နေဦးငယ်က ဒီကမောင်အတွက် ဘုရားသခင်ကပေးတဲ့ဆုတစ်ခုလိုပင်။

ကလေးတွေကိုကြည့်နေတဲ့ ကောင်လေးရဲ့မျက်ဝန်းတွေက ဖခင်တစ်ယောက်ဖြစ်တဲ့ ဒီကမောင်ထက်တောင်ရွှန်းစိုတောက်ပနေသည်။

ဖြူဖြူနုနုနဲ့သွယ်လျှတဲ့လက်လေးတွေကိုသုံးပြီး ဒီကမောင်၏ ကလေးလေးတွေကို လုပ်ကိုင်ပေးနေပုံက စေတနာအပြည့်ပါမှန်းသိသာလှသည်။

ူသားသားလေးရဲ့အလေးတွေကို ရွှေပုံကြီးဆိုပြီး မရွံမရှာနဲ့သန့်ရှင်းရေးလုပ်ပေးနေတဲ့ကောင်လေးကို ဒီကမောင် မချီးကျူးပဲမနေနိုင်။

အိပ်ရာကနိုးနိုးချင်း ကလေးတွေအခန်းထဲ သွားကြည့်တော့ အိပ်ပျော်နေတဲ့ ကလေးတွေကိုကြည့်ပြီး တိုးတိုးလေးစကားတွေပြောနေတဲ့ကောင်လေးကို တွေ့လိုက်ရသည်။

တစ်ခန်းလုံးကလည်း အစောပိုင်းကနဲ့မတူပဲ သန့်ရှင်းသပ်ရပ်ပြီး ပစ္စည်းအားလုံးကနေရာတကျရှိနေသည်။

တစ်ခန်းလုံးကလည်း အစောပိုင်းကနဲ့မတူပဲ သန့်ရှင်းသပ်ရပ်ပြီး ပစ္စည်းအားလုံးကနေရာတကျရှိနေသည်။

¡Ay! Esta imagen no sigue nuestras pautas de contenido. Para continuar la publicación, intente quitarla o subir otra.
DADDY {S-1} & HAPPY FAMILY {S-2} (2021){Complete}Donde viven las historias. Descúbrelo ahora