အပိုင်း (၁၀)

Começar do início
                                    

" အရင်ကအကြောင်းတွေပြောမယ်ဆို ဟိုမှ တွေ့လား အပေါက်၀ ! လှည့်ပြန်သွားလိုက် "

" အေး သွားမယ် ... ခွေးကောင် !"

" ယားး ယားး စတာလေကွာ ... ပြန်ထိုင်ပါ နော် !"

သူပြောသည့်အတိုင်းထထွက်သွားဖို့ပြင်လိုက်သည့်ဗြောလေးအားထိုင်ခုံမှထကာချော့ပြီးပြန်ထိုင်ခိုင်းရပြန်သည်။စိတ်လက်တစ်ဆစ်လူသားနှစ်ယောက်သူငယ်ချင်းဖြစ်မိကျသည်အခါမှာတော့ယခုလိုပဲတစ်ယောက်နဲ့တစ်ယောက်စိတ်ဆိုးအောင်လုပ်လိုက်ပြန်ချော့လိုက်နှင့်သံသရာလည်နေစမြဲပါ။

ချော့ပြောသည့်လေသံနှင့်ယုန်သွားနှစ်ပေါ်အောင်မျက်နှာချိုသွေးနေပုံကကလေးတစ်ယောက်ကဲ့သို့ပင်။ထိုအခါကျတောဘမနေနိုင်သူ သူငယ်ချင်းဖြစ်သူကပဲအလျှော့ပေးကာနေရာတွင်ပြန်ထိုင်သည်။အကြည့်တို့နှင့်မျက်နှာထားကစိတ်ရှိတိုင်းဆိုထုသတ်ပြီးနေလောက်ပြီ...။

" နင့်မျက်နှာကြီးကလည်း ... ရီပြပါအုံးကွာ "

" နေပါအုံး Jungkookkie ! နင်သူ့အပေါ်ကိုဘယ်လောက်ထိပေးဆပ်ဖို့စဉ်းစားထာလဲ ။ နင်ကကြီးပဲနာကြင်‌နေရတာမပင်ပန်းဘူးလား ?"

" နာကြင်မှုနဲ့စိတ်ပျက်တဲ့နေ့တွေကိုမခံနိုင်တောတဲ့တနေ့ကျငါသူ့ကိုစွန့်လွှတ်လိုက်မယ် "

" အင်း နောက်ကျသွားရင်ရော ။ နောက်ကျသွားလို့နင့်အတွက်နာကြင်မှုပဲထပ်ရနေအုံးမယ်ဆိုရင်တော့ အဲ့လူကိုငါကိုယ်တိုင်သတ်ပစ်မှာ ! နင်မြဲမြဲမှတ်ထား "

သူငယ်ချင်းမေတ္တာနှင့်၀င်စွတ်ဖက်နိုင်တဲ့လက်တကန်းနေရာမှာပဲရှိနေနိုင်သည့်အတွက်အကြိမ်ကြိမ်ပူလောင်ရပါတယ်။ဒီကောင်လေးငိုရင်လိုက်ငိုမိတာအခါခါ...ပျော်ရွှင်ရလည်းအတူတူမို့ နာကြင်ရလည်းအတူတူဖြတ်သန်းရတဲ့ဘေးကလူတစ်ယောက်သာသာပါပဲ။ဒီ့ထက်မပိုခဲ့ပါဘူး..."ချစ်တယ်"လို့ဖွင့်ပြောပြီးသူငယ်ချင်းအဖြစ်မှခေါင်းစဉ်ပြောင်းကာဝေးကွာသွားရမည့်အဖြစ်ကိုမလိုလားတာကြောင့်ကြိတ်မှိတ်ကာသည်းခံခဲ့သည့်ကို မျက်၀န်းအပြူးသားနဲ့ကြည့်လာတဲ့ကောင်လေးကမသိနိုင်ပါချေ။

𝔹𝕃𝔸ℂ𝕂 𝕃𝕆𝕋𝕌𝕊 | အနက်ရောင်ကြာပန်း | CompletedOnde histórias criam vida. Descubra agora