Episode-2

10.7K 1.1K 56
                                    

Zawgyi Version

အလယ်တန်းနောက်ဆုံးနှစ်စာမေးပွဲကြီးဖြေပြီးသွားလို့ ကျောင်းကနေပြန်လာခဲ့တဲ့ ကိုယ်တို့နှစ်ယောက်ရဲ့ခြေလှမ်းတွေဟာ လွတ်လပ်ပေါ့ပါးနေခဲ့တော့သည်...။
အထက်တန်းမရောက်ခင် ကြားထဲမှာကျောင်းပိတ်ရက်ရက်ရှည် ပိတ်မည်မို့ ပိုပျော်ရသည်လေ...။
ကျောင်းသားတွေ အလိုချင်‌ဆုံးအရာက ကျောင်းပိတ်ရက်မလား...။

"ဂျောင်ကု...မနက်ဖြန်ကစားကွင်းသွားကြရအောင်...!"

"အင်း..."

"နောက်နေ့ကျရင် ဟိုဘက်ရပ်ကွက်က အဒေါ်ကြီးရဲ့တော့ပိုကီဆိုင်လေးမှာ တော့ပိုကီသွားစားမယ်...!"

"အင်း..."

"အာ...ပြီးတော့ ညဘက်ဟိုးဘက်ကလယ်ကွင်းမှာမီးရှူးမီးပန်းသွားဖောက်ရအောင်...! အရမ်းလှမှာ...!"

"အင်း..."

"ပြီးတော့..."

"တော်ပါတော့ ယောင်းရယ်...၊ ယောင်းလုပ်ချင်တာအကုန်လုပ်ပေးမယ်ဟုတ်ပြီလား...?"

"ဟီး... ငါကကျောင်းပိတ်ပြီဆိုတော့ အပျော်လွန်သွားလို့ပါ..."

ကျောင်းကပြန်လာကတည်းက လမ်းတစ်လျှောက် တ‌တွတ်တွတ်ပြောလာတဲ့ ထယ်ယောင်းနဲ့ ‌ထယ်ယောင်းစကားဆို အမြဲတမ်းခေါင်းငြိမ့်ပြီးနားထောင်တတ်တဲ့ ဂျောင်ကု...။
နှစ်ယောက်သားလမ်းလျှောက်လာကြရင်းနဲ့ အိမ်ကိုမပြန်ဘဲဝင်လာခဲ့သည်က ဂျောင်ကုအမေရဲ့ပဲခေါက်ဆွဲဆိုင်လေးဆီ....။

ကျောင်းကပြန်လာလို့ အဖေဖြစ်သူအိမ်မှာမရှိတဲ့နေ့ဆို ထယ်ယောင်းက ဒီဆိုင်လေးမှာ ဂျောင်ကုတို့သားအမိနှစ်ယောက်ကိုဝိုင်းကူလုပ်ပေးနေကျ...။
ဒီနေ့လည်း အဖေဖြစ်သူက အလုပ်ကိစ္စနဲ့ ခရီးထွက်သွားတာ နှစ်ရက်ကြာမည်မို့ ဂျောင်ကုတို့သားအမိနှစ်ယောက်ရဲ့ဆိုင်မှာ ဝိုင်းကူလုပ်ပေးပြီး အတူတူအိမ်ပြန်ဖို့စဉ်းစားထားလိုက်သည်...။
မဟုတ်ရင် ဂျောင်ကုချည်းပဲပင်ပန်းနေမှာ၊ အကူခေါ်ဖို့ ပိုက်ဆံမတတ်နိုင်လို့ ဂျောင်ကုကကျောင်းကပြန်လာရင် သူတစ်ယောက်တည်း အကုန်လုပ်ရတာလေ...။

ဆိုင်ထဲရောက်တော့ ဂျောင်ကုက လွယ်အိတ်ချပြီး အဝတ်လဲပြီးတာနဲ့ အလုပ်လုပ်လေတော့သည်...။
ကိုယ်လည်း ကျောင်းဝတ်စုံအပေါ်ထပ်အင်္ကျီလေးကိုချွတ်လိုက်ပြီး ဂျောင်ကုတို့ကိုကူပေးရန်ပြင်လေတော့ တားလာတဲ့ ဂျောင်ကုမေမေ...။

BELOVED [Completed]Where stories live. Discover now