ပြောပြီး ခန့်လဲရီနေလိုက်သည်။ မိသင်းမှာပြန်ပြောချင်သော်လဲ အန်တီချိုကိုကြောက်သဖြင့် တိုးတိုးလေးသာ ပွစိပွစိ ရွတ်နေသည်။
ခန့်လဲ လျှာထုတ်ပြီးမျက်နှာပြောင်ကာ ပြတင်းပေါက်ဖက် လှည့်နေလိုက်သည်...
တကယ်တော့ မိသင်းက မိမိတို့ညီမလေးအရွယ်မို့ အိမ်မှာလဲ သူ့ကိုသာစနေရသည်။ သူရှိလို့သာ အိမ်မှာနေရင် ခန့်မပျင်းရခြင်းပင်.....
ခန့်လဲ အိမ်ရောက်တယ်ဆို မီးဖိုထဲဝင်ကာ မောင့်အတွက်ချက်ပြုတ်နေတုန်း ခြံစောင့်ကောင်လေး မှ
" ကိုကိုကြီးခြံရှေ့မှာ ကိုကိုကြီးဧည့်သည်လို့ပြောတယ် အိမ်ထဲကိုခေါ်တော့ မဝင်တော့ဘူးတဲ့ ကိုကိုကြီးကိုပဲ ခေါ်ပေးပါတဲ့ "
ခြံစောင့်ကောင်လေးအပြောကြောင့် ဟန်ငြိမ်း တော့မဖြစ်နိုင်ပေ..ဒါဆိုဘယ်သူလဲ ငါ့မှာ သူငယ်ချင်း လဲသိပ်ရှိတာမဟုတ်ဘူး ဒါဆိုဘယ်သူဖြစ်နိုင်မလဲ တွေးနေရင်း
" သူ့နာမည်မမေးလိုက်ဘူးလား "
ပြောပြီး ဟင်းအိုးပွက်နေသဖြင့် မြည်းမလို့ ဇွန်းကိုင်လိုက်တုန်း ကြားလိုက်တဲ့ အမည်ကြောင့် ဇွန်းပင်အောက်သို့ ပြုတ်ကျသွားခဲ့သည်။
" သြရထူး ဆိုလားပဲဗျ "
ဆံပင်မွေးတွေထောင်ကာ ခေါင်းပင်ကြီးသွားသလိုပင်.. မိသင်းမှ..
" ကိုကိုကြီး ရရဲ့လား ဘာဖြစ်လို့လဲဟင် မတွေ့ခြင်တဲ့သူမို့လား "
"ဟမ်...ဟို..ဟို မဟုတ်ပါဘူး မတွေ့တာကြာတဲ့သူငယ်ချင်းမို့ အံ့သြသွားလို့ပါ ရ..ရတယ် "
ပြောပြီး လက်တွေတုန်နေတာကို မနဲထိန်းကာ apron လေးချွတ်ကာ ခြံရှေ့ထွက်ခဲ့လိုက်သည်။
ခြံရှေ့ရောက်တယ်ဆို ကိုသြရထူး မှ
" ခန့်... ကိုယ့်ကိုတွေ့တော့ ဝမ်းသာသွားလား "
" ဟို...ဟိုဘယ်..ဘယ်လိုလုပ်ပြီးသိတာလဲဟင် "
" ဟင်း..ဟင်း ကို့အတွက်က လွယ်လွယ်လေးပါ "
" ဘာပြောစရာရှိလို့လဲ ခန့်မအားဘူး မောင့်ကို နေ့လည်စာသွားပို့ရအုံးမယ် "
❤ My Little Ko Ko ❤ Part 18 🚨🙈🚨
Start from the beginning