အပိုင်း(၄)

Start from the beginning
                                    

" ကိုယ့်ညီလေးက အကိုကိုမေ့ပြီး တကယ်ပျော်နေတာပဲ ဟုတ်လား" လို့မေးတော့...

"မဟုတ်ပါဘူး ကိုကိုရဲ့ Gunက....!"

ကိုကိုမမြင်ကွယ်ရာရောက်သွားခြင်းသည် Gunအတွက် မလုံခြုံမှန်း (၁၀)နှစ်အရွယ်ကတည်းက သိနှင့်စေခဲ့သည်။

ထို့နောက်တွင်တော့......!

"Gun....Gun"

"ဟင်... ကိုကို ဘာပြောလိုက်တာလဲ"

"Gun မဟုတ်တာ မတွေးရဘူးနော်"

ကိုကိုက ကျွန်တော်အကြောင်းကို အူမချေးခါးမကျန် အကုန်သိသည်ဆိုလျှင် လွန်မည်မထင်။

ကျွန်တော် အတွေးဘယ်ရောက်နေတာလဲဆိုတာကအစ သိလေသည်။

"မ တွေး ပါ ဘူး "

"ဟိတ် ကောင်လေး၊ ကိုယ်က ကိုယ့်ဆီကို ရောက်လာခါစက သတ္တိရှိတဲ့ ပေါက်စလေးGun ကို ပြန်မြင်ချင်လို့ ကျောင်းခရီးစဉ်ကို လွှတ်ထားတာလေကွာ၊ ကိုယ် စကားမှားသွားရင် Gunလေးကို တောင်းပန်တယ်နော်..နော်"

"ဟုတ်ကဲ့၊ Gun မတွေးတော့ပါဘူး"

"အရွယ်ရောက်လာတဲ့ ညီငယ်လေးရေ၊ ဖိုက်တင်းပါကွာ၊ ပြန်လာတဲ့အခါ ကိုယ့်ကို ခရီးအတွေ့အကြုံလေး ဝေမျှပါအုံးနော်"

"ဟီးးး ဟုတ်ကဲ့ ကိုကို Gun ပြောပြပါ့မယ်၊ ည မီးပုံပွဲ လုပ်မှာမို့ Tulipခေါ်နေပြီ ကိုကို၊ Gunသွားတော့မယ်"

" မထိခိုက်စေနဲ့ ၊ များများပျော်ခဲ့"

"ဟုတ်ကဲ့ ကိုကို၊ ကိုကိုလည်း ညစာစားဖို့ မမေ့နဲ့နော်"

"ကောင်းပါပြီဗျာ"

ကိုကိုနဲ့ဖုန်းအဆက်သွယ်ကို ရပ်လိုက်ပြီး အခန်းရဲ့အပြင်ဘက် ခရေပင်ကြီးအောက်မှာ စောင့်နေတဲ့ Tulipနဲ့ ကောင်မလေးတစ်ယောက် ရှိရာစီ Gunသွားလိုက်သည်။

_______________________________________

" သေချာလား"

"မသေချာဘဲ ကျုပ်က ပြောမတဲ့လား၊ ကျုပ်နာမည် David ဆိုတာ အလကားရလာတဲ့နာမည်မှ မဟုတ်တာ"

David။ အလွတ်စုံထောက်တစ်ယောက်။

သူ၏သတင်းစုံစမ်းနိုင်မှုသည် ဘန်ကောက်မြို့ပေါ်တွင် အပ်တိုတစ်ချောင်းကျကျန်ခဲ့လျှင်တောင် ပြန်ရှာပေးနိုင်သည်ဟု သတင်းကြီးသည့်သူဖြစ်သည်။

မုန်း၍ချစ်ခဲ့သည် ( မုန်း၍ချစ်ခဲ့သည် )(Completed) Where stories live. Discover now