Part 10(Unicode )

Start from the beginning
                                    

ကားပေါ်က လူတစ်တွေက ထိုအမျိုးသမီးအား ရေမမွန်းစေရန် ကူညီပေးကြရင်းမှ

"အဲ့တာ မမမေပဲ"

ရေပိုက်ကို ဘေးက ဘော်ဒါဆီ ထိုးထည့်လိုက်ရင်း
မဏ္ဍပ်ပေါ်က ပြေးဆင်းရတော့သည်။

ကားထွက်သွားမှာစိုးလို့ မြန်မြန်ပြေးနေပေမယ့် ထင်သလောက် မြန်မနေခဲ့။
လူအုပ်ကြီးက နည်းတာကြီးမှမဟုတ်တာ။

သီချင်းသံတွေက ဆူညံနေသည်။
အနည်းငယ် မိုးအုံ့နေဟန်ရှိတာကြောင့်
မမမေ တစ်ခုခုဖြစ်သွားမည်ဟုသောစိတ်နှင့် အတက်နိုင်ဆုံး ပြေးရှာရတော့သည်။

"မမမေ"

တွေ့ပါပြီ။
ကားပေါ်တွင်ပါလာသော အကောင်သေးသေး နှာပြီစုပ်လေး တစ်ကောင်က မမမေအား ငုံ့နမ်းနေပုံရသည်။
သူ့လက်ထဲ ခွေကျနေသော ယုယသည် ဖြူဖက်နေပြီး
သတိလစ်နေဟန်ရှိသည်။

ကားပေါ်ကလူတွေအားလုံးရဲ့အကကည့်တွေက ဖြိုးဝေဆီသို့၊

"မမမေက ရေမွန်းနေတာဗျ၊ ရေနစ်နေတဲ့သူကို ရေအောက်မှာ အသက်ကယ်နေသလိုပဲ ခင်များတို့ ရူးနေလား"

ဖြိုးဝေသိရသလောက် ယုယတွင် ရေအတူထွက်ကစားဖို့အထိ ရင်းနှီးတဲ့သူမရှိ။
ဘယ်ချောင်က ဘယ်လိုပေါ်လာမှန်းမသိသောလူတွေက
အသားယူဖို့ဖြစ်မည်ဟု ဖြိုးဝေ ခပ်မြန်မြန်ပဲ ကောက်ချက်ချ လိုက်သည်။

"မင်းက မနေ့က ယုယကိုရေလောင်းလိုက်တဲ့ကောင်လေးပဲ"

စကားခပ်ဝဲဝဲနှင့် မြန်မာလူမျိုးဟုတ်ပုံမရသော ကောင်မလေးက လျှာရှည်သည်။
ဘာပဲဖြစ်ဖြစ် ခုနေသူတို့ကို ရှင်းပြနေဖို့ အချိန်မရှိ။

ကားပေါ်တက်ပြီး မမမေကို ကျောပိုးကာ လူရှင်းတဲ့နေရာအထိ ခေါ်ထုတ်လာခဲ့ရသည်။
တစ်လျှောက်လုံး ကျောပိုးကာ ပြေးလာတာမို့ ရေတချို့ အန်ချလိုက်ပေမယ့် ယုယသည် ကောင်းကောင်းသတိလည်ပုံမရသေး။

ကားငှါးပြီး ဆေးရုံပို့ဖို့လုပ်တော့ စောစောက ကားပေါ်မှလူတွေက
သူတို့၏ အကောင်းစားကားကြီးနဲ့ လိုက်ပို့တော့သည်။

"ကားပါလာတာ စောစောထဲက ဆေးရုံပို့ဖို့မလုပ်ပဲနဲ့ သပ်သပ်အသားယူနေတယ်"

A letter to A boy who is not a boy(Completed)Where stories live. Discover now