34 : Kill me heal me

Start from the beginning
                                    

" ဘာ မက်မွန်ဆိပ်လဲ "

သတိပြန်ရလာသည့် ဂျောင်ဂုက ကြားသွားဟန်တူသည်။
ဂျောင်ဂုကို ဖုံးကွယ်ထားဖို့ မဖြစ်နိုင်ပေ။ တိုင်ပင်ဆွေးနွေးပြီးမှ
နောက်ပိုင်း ကိစ္စကို ရှင်းရမည်။

" မက်မွန်ဆိပ်ဆိုတာ စုန်းကဝေမတွေ ဖော်စပ်အသုံးပြုကြတဲ့
ဆေးရည်ပဲ သူတို့ နှစ်သက်သဘောကျတဲ့ လူတစ်ယောက်က
ပြန်မချစ်တဲ့ အချိန်မှာ အရမ်းအတ္တကြီးပြီး ပိုင်ဆိုင်လိုစိတ်
ကြီးမားတဲ့ စုန်းတွေ အသုံးပြုကြတယ်.. တော်ရုံ အဆင့်လောက်နဲ့ ဖော်စပ်ဖို့ခက်တယ် အသုံးပြုခံရတဲ့သူက
သူတို့ကို တုံ့ဆိုင်းခြင်းမရှိဘဲ ချစ်မိသွားလိမ့်မယ် ပြီးတော့
သူတို့အချစ်ဆုံး တစ်စုံတစ်ယောက်ကိုတော့ မျက်နှာ မကြည့်ချင်လောက်အောင် မုန်းမိသွားမယ် ဆေးကို 12 နာရီလောက် အသုံးမပြုတာနဲ့ ဆေးစွမ်းပြယ်သွားတယ်

ဆေးစွမ်းပြယ်သွားပြီး အအေးဓာတ်ကဲတဲ့ သန်းခေါင် အချိန်မျိုးမှာ နှလုံးက မခံမရပ်နိုင်အောင် ထိုးအောင့် နာကျင် လာလိမ့်မယ် အဲ့ဒီနာကျင်မှုက ဆေးထပ်မသုံးမချင်း
ညရောက်တိုင်း သေမလိုဖြစ်လိမ့်မယ်... အသုံးပြုခြင်း ခံခဲ့ရတဲ့လူကတော့ ဘာမှမတတ်နိုင်တော့ဘဲ ဆေးကို
စိတ်လိုလက်ရ သုံးစွဲမိကြတော့တယ် "

ထိုက်ရန်ရဲ့ ရှင်းပြချက်ကိုကြားတော့ ဂျောင်ဂုစိတ်ဓာတ်တွေ
အဆုံးထိ ထိုးကျသွားတော့သည်။ အသိစိတ်ချုပ်ထိန်း
ခံရထားတုန်းက ထယ်ယောင်း အပေါ် ဆက်ဆံမိခဲ့တဲ့ အပြုအမူတွေကို ပြန်တွေးမိတိုင်း မိမိကိုယ်ကိုပင် ခွင့်မလွှတ်နိုင်သည်အထိ ဆိုးရွားလွန်းသည်။ ထယ်ယောင်း
လည်း အခုလောက်ဆို သူ့ကိုမုန်းတီးနေလောက်ရောပေါ့။

" ဆက်မသုံးဘဲ သည်းခံနိုင်ခဲ့တဲ့လူရှိလား "

" တွေ့ဖူးရသလောက်ထဲ တစ်ယောက်တော့ရှိတယ်
ဒါပေမဲ့ တစ်လပဲ ခံနိုင်ခဲ့တယ် နှင်းမုန်တိုင်းကြောင့်
ဆက်မတောင့်ခံနိုင်တော့ဘဲ သေဆုံးသွားခဲ့ရတယ် "

" ဟက်ဟက် ထားပါတော့ ကံကြမ္မာကိုက ဒီလိုဖြစ်ဖို့ ဖန်လာတာပဲ အခုလောလောဆယ် ယောင်းငယ် ကို
အရင်ကယ်ထုတ်ရမယ်... နန်းတွင်းက အုပ်ချုပ်ရေးဌာန တစ်ခုလုံး ဘတ်ယူရီရဲ့ လူတွေနဲ့ ပြည့်လုနီးပါးပဲ
ငါဆေးပြယ်သွားပြီဆိုတာ မသိခင် အစီအစဉ်တစ်ခုကို
ဟာကွက်မရှိအောင် ဆွဲရမယ် "

Ultralegends Where stories live. Discover now