After Our Divorce, I Still Wore Your Jacket

Почніть із самого початку
                                    

ကိုယ်က Yuan Ye ရဲ့ Characterကို အရမ်းကြွေတယ်။ ခေါင်းမာတယ်၊ ဖြောင့်မတ်တယ်၊ အကြောက်အလန့်မဲ့တယ်၊ မှီခိုမှုကင်းတယ်၊ ပွင့်လင်းတယ်၊ ထိန်းချုပ်ရခက်တယ်၊ ပြီးတော့ အရမ်းလည်း ရူးသွပ်တယ်။

Fang Shaoyiကကျ တည်ငြိမ်တယ်၊ တိတ်ဆိတ်တယ်၊ လူကြီးဆန်တယ်၊ Yuan Ye ကို ကာကွယ်ပေးတယ်၊ Yuan Ye ကို အရမ်းအလိုလိုက်တယ်၊ Yuan Ye အလိုရှိတဲ့အရာအားလုံးကိုပေးဖို့အဆင်သင့်ပဲ၊ နောက်ဆုံး ကွာရှင်းဖို့ပြောတဲ့အခါ သူ..တကယ်ပဲ...ကွာရှင်းပေးခဲ့တယ်။

ဒီဇာတ်လမ်းထဲမှာ Shouက ၃၃နှစ်၊ Gongက ၃၆နှစ်ရှိနေပြီ။ နှစ်ယောက်လုံးအသက်လတ်ပိုင်းတည်ငြိမ်ရင့်ကျက်တဲ့အရွယ်ဆိုတော့ ဇာတ်လမ်းကလည်း ငြိမ့်ငြိမ့်လေးနဲ့ Adult type ဘက်ကိုသွားပါတယ်။ (18+ ပါတာကိုပြောတာမဟုတ်ပါ)

အချစ်ငှက်နှစ်ကောင်က ကွာရှင်းတယ်သာပြောတယ် တစ်ယောက်ကိုတစ်ယောက် နည်းနည်းလေးတောင်အထိခိုက်မခံကြဘူး။ နောက်ကြောင်းပြန်လို့ သူတို့နှစ်ဦးအကြောင်းပိုသိရတဲ့အခါ အင်မတန်မှကို ကြည်နူးစရာ၊ ချစ်စရာကောင်းလွန်းလို့ ဖတ်ရင်းနဲ့မျက်ရည်ဝဲရပါတယ်။

ကိုယ်က Yuan Ye ကို အရမ်းချစ်လို့ OC ချင်တာတောင် Fang Shaoyiက သူ့အပေါ်ထားတဲ့ အချစ်တွေကိုလိုက်လို့မမှီနိုင်ဘူးလို့ ခံစားရတဲ့အထိ ဒီအတွဲကအချစ်ကြီးချစ်ကြတာ။

အချုပ်ပြောရင် ဒီ novel လေးက Realistic ဖြစ်တယ်။ Showbiz ဆိုတော့ စိတ်ဝင်စားစရာကောင်းတယ်။ နှစ်ဦးလုံးက Manly type ဖြစ်တယ်။ ငြိမ့်နေသိမ့်နေအောင် ဖတ်ရတယ့် Slowburn လေးလည်းဖြစ်တယ်။ ခွေးစာတွေလည်းအများကြီး စားလိုက်ရပါတယ်။ ಥ‿ಥ

Titleလေးအရမ်းလှသလို ဇာတ်လမ်းလေးကလည်းအင်မတန်မှသိမ်မွေ့ပါတယ်။ မဖတ်မိရင် နောင်တရမယ့်အထဲမှာပါတယ်။
                         
English translation ကို Chrysanthemum Garden မှာဖတ်လို့ရပါတယ်။ မြန်မာဘာသာပြန်ကိုတော့ Maomie_meow ဆိုတဲ့ wp acc မှာတင်ပေးနေပါတယ်။

#WildMonkeyလေးရေ_မင်းယောကျ်ားကမင်းကိုအရမ်းချစ်ပါတယ်ကွာ 🐒

🚬🚬🚬🚬🚬

Zawgyi

"မင်းကတော့ လက်လွှတ်ဆုံးရှုံးပြီးတဲ့နောက်မှသာ နာကျင်ခဲ့ရတာ ၊ ကိုယ့်မှာတော့ မင်းလက်လျော့လိုက်တော့မယ်လို့ဆိုကတည်းက.. နာကျင်ခဲ့ရတာ..."

Untitle 🍀Where stories live. Discover now