ဟင်းစားအတွက်က ပူပန်စရာမလို။ ဟင်းသီးဟင်းရွက်က ဟိုလူပေး ဒီလူပေးနဲ့ပဲ စားမကုန်ကြ။ အသားအတွက်ကတော့ အခြောက်လှန်းထားတန်ထား ပြုတ်ထားတန်ထားကြရသည်။
ရက်ကြာကြာလဲ မထားလို။ ရေခဲသေတ္တာလဲမရှိတော့ နှစ်ရက် သုံးရက်စာထက်ပိုမထားတော့။
နှင်းဥနဲ့ အဒေါ်စောနုက ရွာမှာ အသားရတဲ့နေ့ဆိုရင် ဝယ်ပြီး ချက်ပြီး သော်တို့အတွက်ပို့ပေးကြသည်။
ခုဆို....နှင်းဥမှာကိုယ်ဝန်ကြီးနဲ့ဆိုတော့...သော်ကအားနာလို့ ဘာမှချက်ခိုင်းမနေ။ ဒါတောင် မကြာ မကြာ နှင်းဥက ချက်ပြုတ်ပြီး ပို့ပေးနေတုန်း။

ဒီလို နေထိုင်မှုကို မိုးဦးဘဝင်ကျလွန်းလို့ ရန်ကုန်ကို အလည်ပင်မပြန်ချင်တော့။ သော်က မိုးဦးလက်ထပ်ယူထားတဲ့ အိမ်ထောင်ဖက်တော့ဟုတ်သည်။ ဒါပေမဲ့ မိန်းကလေးတစ်ယောက်မှမဟုတ်တာ။ မိန်းကလေးလို မထားချင်ပါ။
အလုပ်အတူလုပ်လို့ရသည့်အတွက်ပျော်သည်။ သော်လေးက စိတ်ဝင်တစားနဲ့ ပန်းတွေကြည့်ပြီး ပျော်သည့်အတွက် မိုးဦး မိမိရွေးချယ်မှုကို အကြိမ်ကြိမ်ပျော်ရသည်။

သော့်အတွက်ကို မိုးဦး အဓိက တွေးပြီးရွေးချယ်ခဲ့တာ။ သော် ပျော်နေဖို့ပဲလေ။ မိုးဦး ရင်ထဲက စကားတွေက သော့်အတွက်....
.
.
.
.

ဒီညနေတော့...သော်တစ်ယောက် အခင်းထဲက စောပြီးအိမ်ပေါ်တက်သွားသည်။ ဖုန်းလာလို့ပြောရင်းနဲ့.... ဘယ်သူဆက်တာပါလိမ့်။

"သော်လေးရေ....."

အိမ်ရှေ့ရောက်တာနဲ့ မိုးဦး သော့်ကိုခေါ်တော့သည်။

"ကို....သော်....နောက်မှာ....ဟင်းချက်နေတယ်"

လူကထွက်မလာဘူး...အသံလေးပဲ လာသည်။
မိုးဦး အိမ်နောက်ဘေး မီးဖိုဆောင်ဆီဝင်လာခဲ့သည်။
ဟင်းချက်နေတဲ့ သော့်ကို နောက်ကနေသိုင်းဖက်ရင်း ပခုံးသားလေးနမ်းလိုက်....နားရွက်ဖျားလေးနမ်းလိုက်....ခေါင်းလေးဖိကပ်ကာနမ်းလိုက်....မိုးဦး အမောဖြေနေတာ ဒီလိုပါဆို။

"ကို...."

သူ့ခါးဆီမှ မိုးဦးလက်ကိုဆွဲရင်း မိုးဦးနဲ့မျက်နှာချင်းဆိုင်ကာ ခေါ်သည်။

"ဗျာ"

"ရဲရင့် ဖုန်းဆက်တာ ကိုရဲ့....ကို့ဖုန်းကိုလဲ ဆက်ထားသေးတယ်တဲ့...ကိုက ဖုန်းကို အိမ်မှာထားခဲ့တာကိုး"

ချစ်သူ့စကား ရင်နှင့်ကြားစေWhere stories live. Discover now