မိုးဦးရဲ့ ပန်းစိုက်ခင်းက အ​ခြါးစိုက်ခင်းတွေထက် အလုပ်သမားပိုများများ သုံးထားသည်။ နေ့စားခပေးသည့်အခါတွင်လဲ အခြားအခင်းများထက်လျှော့မပေးထား။ အလုပ်လုပ်ကြရာတွင်တော့ လူများတော့ သက်သာသည်။ အလုပ်သမားတွေကို မိသားစုလိုပဲ ဆက်ဆံပေးသည်။ အလုပ်ရှင်ဆိုပြီး ဟိတ် ဟန်ရယ်မလုပ်ကြ။

တစ်ခုတော့ရှိသည်။
သော်ရော မိုးဦးရော အတူတူအခင်းထဲရောက်နေတာဆိုပေမဲ့ အလုပ်သမားတွေက စကားပြောစရာရှိ သော့်ကိုသာပြောသည်။ မိုးဦးနဲ့ စကားပြောတာက အလုပ်သမားခေါင်းဆောင် နှစ်ယောက်ပဲ.... ကျန်တဲ့သူတွေက အလိုလိုရှိန်နေပြီး တော်ရုံအနားမကပ်ကြ။သော်နဲ့ကတော့ ပြောရဲဆိုရဲရှိကြသည်။ သော်ခိုင်းရင်လဲ ပြာနေအောင်လုပ်ပေးကြသည်။

အလုပ်သမားခေါင်းဆောင်ကို မိုးဦးက နှစ်ယောက်ထားထားသည်။ စိုက်ပျိုးတဲ့နေရာမှာ ခေါင်းဆောင်တစ်ယောက်.... ထုတ်ပိုးပြီး ပစ္စည်းပို့တဲ့အပိုင်းမှာခေါင်းဆောင်တစ်ယောက်ထားသည်။နောက်နောင် လုပ်ငန်းတိုးချဲ့လျှင် လိုအပ်မည့်နေရာအားလုံးကို ခုကတည်းက အသားကျအောင် လုပ်ငန်းလစ်ဟာမှုမရှိအောင် ကြိုတင်ပြင်ဆင်ထားတာ။ အလုပ်နည်းပါးချိန်မှာ အလုပ်သမားတွေကို ကြည့်ရှုစောင့်ရှောက်ထားရမည်။
ဒီအလုပ်သမားတွေကမှ...တကယ့်ကို အလုပ်တစ်ခုရဲ့မောင်းနှင်အားဖြစ်သည်။

မိုးဦး နေ့တိုင်း အခင်းထဲ မိုးလင်းတာနဲ့ အရင်ဆုံးရောက်တာပဲ။ သော်လဲ နောက်က ပါသည်ပေါ့။

မိုးဦးနဲ့သော် ရန်ကုန်အိမ်မှာနဲ့ ရွာမှာ နေထိုင်မှုပုံစံ ကွာခြါးချက်ကတော့....ရန်ကုန်မှာဆိုရင် သော်က အိမ်မှာစာလုပ်ရင်း...ချက်ပြုတ်....လျှော်ဖွတ်ရင်းကျန်ခဲ့ရသူ။
မိုးဦးက အလုပ်လုပ်သည်...ငွေရှာသည်။
ဒါကြောင့်....သော်လေးခမျာ...မိန်းကလေးနေရာအလိုလိုရောက်နေရသည်။
သော်ကိုယ်တိုင် ကျေကျေနပ်နပ်နေသည်ဆိုပေမဲ့ မိုးဦးက ယခုအခြေအနေကိုပိုလို့သဘောကျသည်။

မနက်စောစောထကာ....မနက်စာလေးကို ရှိတာနဲ့စားပြီး အခင်းထဲဆင်းသည်ဆိုရင်လဲ နှစ်ယောက်အတူ။
နေ့လည်စာအတွက်က သော် အခင်းထဲမှာလုပ်လက်စ ရှိလျှင် မိုးဦး ပြေးချက်သည်။ မိုးဦး လုပ်နေလက်စက ပိုအရေးကြီးလျှင် သော် ပြေးချက်သည်။
ဘယ်သူ့တာဝန်ရယ်လို့မဟုတ်တော့။ တစ်ခါတစ်ရံ အခင်းထဲ အလုပ်များမည့်ရက်ဆိုလျှင် ညကတည်းက နှစ်ယောက်သား စကားတပြောပြောနှင့်ချက်လိုက် ပြုတ်လိုက်တာ အချိန်ကုန်လို့ကုန်မှန်းပင်မသိ။

ချစ်သူ့စကား ရင်နှင့်ကြားစေWhere stories live. Discover now