30 : I'm coming back to save you

Bắt đầu từ đầu
                                    

တစ်သက်စာအတွက် တစ်ယောက်တည်းကို ချစ်ခွင့်ရှိတဲ့
အချစ်ကြီးလွန်းတဲ့ ဂူမီဟိုတွေဟာ ဘာကြောင့်များ ဇာတ်သိမ်း မလှကြရတာပါလိမ့်...။

" အေးဆေးပေါ့ အခုချက်ချင်းလည်း မရချင်သေးဘူး
အနှေးနဲ့အမြန် ရင်ဆိုင်ရမှာဆိုတော့ စိတ်ကိုအသင့်ပြင်ထား
လိုက်ဦး အခုတော့ ငါသွားတော့မယ် ဒီနေ့ရက်တွေအတွင်း
ကောင်းကောင်းရှင်သန်ထားပေါ့.. ဟုတ်ပြီလား "

ဂျောင်ဂုရဲ့ ခြေသံတွေ တဖြည်းဖြည်း ဝေးကွာသွားတော့မှ
အေးစက်စက် ကြမ်းပြင်ထက် အရုပ်ကြိုးပြတ် ထိုင်ချလိုက် မိသည်။ အစစ်အမှန်တွေပါလို့ သံသယမရှိ ၊ မျက်စိစုံမှိတ်ပြီး
ယုံကြည်ထားခဲ့ပေမယ့် တကယ်တော့ ဟန်ဆောင်လိမ်ညာမှုတွေချည်းပဲ တဲ့လား။
နောက်ဆုံးထိ အရှင့်မှာ အကြောင်းတစ်စုံတစ်ခု ရှိရမယ်လို့
တွေးပြီး ဘယ်လိုကူညီပေးရမလဲဆိုတာကိုပဲ ဆက်တိုက်
စဉ်းစားနေမိခဲ့တာ။

" ခင်ဗျားက သိပ်ဟန်ဆောင်ကောင်းတာပဲ အရှင်~
ကျွန်တော်ဆိုတဲ့ ကင်မ်ထယ်ယောင်းကလည်း သိပ်ကို
ဝဋ်ကြွေးကြီးခဲ့ပုံပဲ "

" ပြန်ပေးဆပ်ရမယ် ခင်ဗျား ဒီအတွက် ကောင်းကောင်းကြီး
ပြန်ပေးဆပ်ရမယ် ဂျွန်ဂျောင်ဂု "

နာကျည်းစွာ ကြိမ်းဝါးနေခဲ့တဲ့ ထယ်ယောင်းတစ်ယောက်
အကျည်းထောင်အပြင်ဘက်ရောက်သည်နှင့် ဧကရာဇ်ဂျွန်
အသွင်မှ နတ်ဆရာမကြီးအသွင်သို့ ပြောင်းလဲသွားခဲ့သည့် အကြောင်းကိုတော့ မသိလိုက်ရပါချေ။

__________ Ultralegends ___________

သားရဲမြို့တော်ကိုရောက်ပြီး သုံးရက်အကြာတွင် ယုရှင်း၏
မိုးကြိုးရိုက်ချက်ဒဏ်ရာများ ပျောက်ကင်းသွားပြီဖြစ်သည်။
တစ်ပတ်လောက် အနားယူသင့်ပေမယ့် စိတ်ဓာတ် ပြင်းထန်မှုရော ကြည့်မနေနိုင်တဲ့ ထိုက်ရန်အရှင်ကပါ
အတွင်းဒဏ်ရာတွေကို စွမ်းအားသုံးပြီး ကုသပေးတာမို့
လျင်လျင်မြန်မြန်ပဲ ပျောက်ကင်းသွားခြင်းဖြစ်သည်...။

ထို့နောက် နှလုံးသွေးနှောင်ဖွဲ့ခြင်း အခမ်းအနားကို လေးရက်မြောက်တွင် ကျင်းပမည်ဖြစ်သည်။ ထိုက်ရန်က
အနားယူစေချင်ပေမယ့် တစ်ယောက်တည်းကျန်နေခဲ့သည့် ထယ်ယောင်းအား စိတ်မချကြောင်း ပြောသည့်အခါ
မျက်နှာမလန်းတဲ့ ထိုက်ရန်ကို သူအားနာမိပြန်သည်။

Ultralegends Nơi câu chuyện tồn tại. Hãy khám phá bây giờ