"ဘွားတော် ဒါကဘာဖြစ်နေကြတာလဲ"
"အိုး..မြေးကြီးပြန်လာပြီပဲ"
"ကျွန်တော်မေးနေတာဖြေပါ.. ဒါကဘာဖြစ်နေကြတာလဲ"
"အမိန့်မနာခံတဲ့အစေခံကိုအပြစ်ပေးနေတာ.. မင်းဝင်မစွက်ဖက်နဲ့"
"ကျွန်တော့်အိမ်ကလူကဘာအပြစ်များလုပ်မိလို့လဲဆိုတာကျွန်တော်သိချင်တယ်"
"မင်းအိမ်ကိုအပြင်လူတစ်ယောက်ခေါ်လာတယ်ဆို"
"ဒါကကျွန်တော့်သဘောပါ ဘွားတော်နဲ့မဆိုင်ပါဘူး"
"မင်းကိုယ်မင်းဆက်ခံသူနေရာရောက်ပြီးဆိုပြီး သွေးနာထင်ရောက်မနေနဲ့ မိုးလုံးမှိုင်း ဒီအိမ်တော်ကိုလက်လွှဲယူဖို့ဆိုရင်မင်းမှာပင်မအခန်းရဲ့သော့ရှိလို့လား"
"အဟင်း...ဟုတ်ပါတယ်ကျွန်တော်မှာမရှိဘူး ဘာလို့လဲဆိုတော့ ကျွန်တော့်အရင်ဆက်ခံသူက သူ့ဒီစံအိမ်ပိုင်ရှင်ရဲ့ ယုံကြည်မှုကိုမရခဲ့လို့ပဲ"
"မင်း.......ထားပါ ဒီမှာမင်းသတို့သမီးကိုလာနှုတ်ဆက်ဦး သူ့ခမျာမင်းနဲ့ရင်းနှီးမှုရချင်လို့ ဒီအထိလိုက်လာခဲ့တာ....အိုးမင်းအနောက်ကဘယ်သူများလဲ ငါတစ်ခါမှမမြင်ဖူးပါဘူး"
စကားဝိုင်းကသူ့ဖက်လှည့်လာလျှင်စောသဒ္ဒါမောင်ငြိမ်နေလို့မရတော့။
"မဂ္လာပါခင္ဗ် ကျွန်တော်ကဦးမိုးလုံးမှိုင်းရဲ့လက်ထောက်အတွင်းရေးမှုးပါစောသဒ္ဒါမောင်လို့ခေါ်ပါတယ်"
စောသဒ္ဒါမှစတင်မိတ်ဆက်လာလျှင်ထိုအမျိုးသမီးကြီး ကခေါင်းတစ်ချက်ညိမ့်ရုံသာအသိအမှတ်ပြု ကာ ဘေးမှမိန်းကလေးကမ်းပေးလာသော လက်ဖက်ရည်ခွက်ကိုယူ၍သောက်နေသည်။ စောသဒ္ဒါမောင်စိတ်ထင်၍ပဲလားတော့မသိ ထိုအမျိုးသီး၏မျက်လုံးများထဲတွင်အမုန်းတရားအချို့ကိုတွေ့လိုက်သလိုပင်။ သို့သော်ခဏလေးသာဖြစ်ပြီး ပုံမှန်အတိုင်းပြန်ဖြစ်သွားလေသည်။
"စော..ဒါကကိုယ့်ဘွားတော် ဒေါ်မှိုင်းဧကရီလို့ခေါ်တယ်။ ကျန်တာကမင်းမသိလည်းဖြစ်တယ်။ ဘွားကျွန်တော်ပင်ပန်းလာလို့အပေါ်တက်နားတော့မယ် မိန်းကလေးကိုလည်းအားနာပါတယ်မနက်မှနှုတ်လို့ရတယ်မလား"
YOU ARE READING
သံသရာအဆက်ဆက်တိုင်အောင်( Completed)
Mystery / Thriller"ကျေးဇူးပြုပြီးကိုယ့်ကိုစောင့်နေပေးပါ'စော' ကိုယ်မင်းနောက်ကိုလိုက်လာခဲ့ပါ့မယ်..သေခြင်းတရားဖြစ်စေဦးတော့ကိုယ်တို့နှစ်ယောက်ကိုခွဲလို့မရစေဘူး" "နောက်ဘဝမှာပြန်ဆုံတွေ့ခဲ့ရင် ကိုယ်ကပဲအရင်မင်းကိုမှတ်မိပါရစေ.. ကိုယ်ကပဲအရင်မင်းကိုစချစ်ပါစေ..." ...
15.(Zawgyi)လူတစ်ယောက်ကိုပျောက်ကွယ်သွားအောင်လုပ်ပေး
Start from the beginning