"မင်းတို့....လုပ်နိုင်ပါ့မလားပဲ ဦးလေးကစိုးရိမ်တာပါ....ကူညီရတာဘာမှအပန်းမကြီးဘူး...မိသားစုလို့သဘောထားပြီးသား...ဦးလေးက စိုက်ပျိုးရေးလုပ်နိုင်တာ ဖိုးကျော်ကြောင့်ကွ..သူကမှ ဦးဆောင်တာ"

"ဟုတ်တယ်... ဖိုးကျော် ကျွန်တော့်ကို လမ်းမှာရှင်းပြတာကြားတော့ တွေးမိတယ်...ဖိုးကျော် ဝါသနာလို့... ဝါသနာပါတော့.... ပိုပြီးအောင်မြင်တာပေါ့"

"ကျွန်တော်က ကိုမိုးဦးကို ပိုပြီးသဘောကျနေတာ အဖေရေ... မြေအမျိုးအစားကအစ မေးနေတာ... ကျွန်တော်တို့ရွာမြေအနေအထားနဲ့ဆို ပန်းလဲ စိုက်လို့ရတာတဲ့...ဘာလို့မစိုက်တာလဲတဲ့..စုံရော..မေးတာ....ကိုမိုးဦး စိုက်ပျိုးရေးမေဂျာလားမေးတော့...ရယ်နေတယ်"

ဖိုးကျော် ပြောစကားကြောင့် ကိုကရယ်သည်။
ကို က ဒီလိုပဲလေ.... ရောက်ရာအရပ်မှာ သေချာသူ စေ့စပ်သူ သော်ကဒါကြောင့် ယုံကြည်လွန်းလို့ပုံအပ်ထားခဲ့ရတာ.... သော့်ဘဝတစ်ခုလုံးပါဆို။
သော်ကတော့ ကို့ကို အမြဲအထင်ကြီးပြီးအားကိုးပါသည်။

"ကျွန်တော် ဒီကိုမလာခင်က စာတွေဖတ်ခဲ့သေးတာ....ဒီဘက်ကမြို့တွေ ရွာတွေအကြောင်းလေ... ဒီရောက်တော့ ပန်းစိုက်တာမတွေ့လို့လေ...​မေးကြည့်တာ"

"ပန်းက ဂန္ဓမာပန်းအစိုက်များတယ်....မိုးဦးက ဘာပန်းစိုက်ချင်တာလဲ....ပန်းခင်းတွေက ဟိုဘက်ရွာတွေမှာရှိပါတယ်...တို့ရွာလဲရှိတယ်ကွ....တစ်ချို့စိုက်ကြတယ်....
နဲနဲလှမ်းလို့....မင်းလေ့လာချင်ရင်ပို့ပေးမယ်လေ"

"ဟုတ်....ဦးလေး...ဖိုးကျော်လဲပြောပြပါတယ်"

"အဖေရေ.....ကိုမိုးဦး...ကျွန်တော်တို့စိုက်တဲ့စိုက်ခင်းမျိုးမလုပ်ချင်တာ ကံကောင်း...ထွက်တဲ့ကုန်တွေ ဘယ်ကိုပို့လဲ...ဘယ်လိုပို့လဲ....အကျိုးအမြတ်ဘယ်လောက်ရလဲ....တစ်လ ဘယ်နှစ်ခေါက်ပို့လဲ အားလုံးမေးပြီးသား"

ဒီတစ်ခါ....ရယ်မိတာက သော်ပါ။
သူတို့...ကို့အကြောင်း... နဲနဲသိ နဲနဲအထင်ကြီးကြရပြီပေါ့။
အေးချမ်းသော်ရဲ့ ယောကျားပါဆို။
သဘောကျလိုက်တာ....ကို့ယောကျား အလုပ်လုပ်ရင် ဒီလိုပါလား... သော်လဲ ရဲရင့်တို့ ပြော ပြော နေလို့ ကြားပဲ ကြားဖူးတာ....မမြင်ဖူးဘူးလေ။
ဒါကြောင့်....အလုပ်မှာ နာမည်ကျော်ကြားတာ...အ​​ပေါင်းအသင်းမိတ်ဆွေတွေကြား ထင်ပေါ်နေတာ။
နေရာတကာ...မိုးဦး.... မိုးဦး...ဖြစ်နေတာ။ ကိုက ဘာလုပ်လုပ် စေ့စပ်သေချာသည်။

ချစ်သူ့စကား ရင်နှင့်ကြားစေWhere stories live. Discover now