"စာလုပ်တာကို အနှောင့်အယှက်မဖြစ်စေပါဘူးလို့ ခဏခဏလည်း ပြောတာကို... နားမထောင်တဲ့ အစ်ကို့ကို ဘယ်လိုအပြစ်ပေးရမလဲပြောကြည့်"

ပထမနှစ်ကောင်ကလေးသည် သူ့လည်ပင်းထက်က လည်စီးကြိုးကို ဆွဲဖြုတ်လာ၏။ ကြားခံမျက်မှန် မပါသည့် အပြာရင့်ရောင်မျက်လုံးများသည် သားရဲတစ်ကောင်က သားကောင်ကို အမဲဖြတ်တော့မည့်အလား တောက်ပနေခဲ့သည်။

တကယ်တော့ငါက မစားပါနဲ့လို့တောင် တွန်းကန်ဖို့ စိတ်ကူးမရှိပါလား။ သူစားမယ်ဆိုရင်တောင် အင်းလို့ချက်ချင်းနီးပါး ခေါင်းညိတ်ဖြစ်မဲ့ဟာကို...။

သူ့ခန္ဓာကိုယ်၏ ပွင့်လင်းရိုးသားလွန်းသည့် တုံ့ပြန်မှုကို တွေးပြီး အားသစ် ဘာသာမှတ်ချက်ချသည်။

"ဘာလုပ်မလို့လဲ"

သူ့လက်ကိုပူးပြီး လည်စီးဖြင့် ချီလိုက်သည့် နိုင်းချင်းကို အားသစ် ကြည့်သည်။

နိုင်းချင်းက သူ့ကို ဘာလုပ်ချင်လို့လဲ။ ပေါင်ပေါ်တင်ထားရာက ခုတင်ပေါ်သို့ သူ့ကို ပစ်ချလိုက်ပြီး အပေါ်က မိုးလိုက်သည့် နိုင်းချင်းကို အားသစ် တဖြတ်ဖြတ်ခတ်ကာ ကြည့်သည်။ လက်နှစ်ဖက်ပူးစီး ခံထားရကာ ခုတင်ပေါ်တွင် ဘေးတစ်စောင်းခွေခွေလေး လှဲနေပြီး အပေါ်က သူမိုးထားခြင်းကြောင့် အိကျနေ သည့် မွေ့ယာကြောင့် အားသစ်က ဂွမ်းအိအိထဲ နစ်နေသူတစ်ယောက်လို ဖြစ်နေတော့သည်။

"ဘာလုပ်မယ်ထင်လို့လဲ"

ကိုယ်ကိုကိုင်းချပြီးနောက် အားသစ်၏ နားတစ်ဖက်ကို အသာကိုက်၏။

"အာ... အာ... မဟုတ်ဘူးလေ"

မသိမသာရုန်းကန်နေသည့် အားသစ်ကြောင့် နိုင်းချင်း အားသစ်ဘေးတွင် လှဲချကာ မျက်နှာချင်းဆိုင် လိုက်၏။ သူ့ လည်စီးဖြင့် ချည်နှောင်ထားသည့် အားသစ်လက်ကိုဆွဲယူကာ သူ့နှုတ်ခမ်းနားတွင်တေ့ထားပြီး...

"ဘာလို့လဲ"

ဘာဆက်ဖြစ်မည်ဆိုသည်ကို အားသစ်သိပြီးသားပေ။ စာမေးပွဲနောက်ဆုံးနေ့ သူ့ကိုအတူပြန်ဖို့ ပြောပြီးအခန်းထဲထိ လိုက်လာသည်ဆိုကတည်းက ဘာဖြစ်လာတော့မည်ဆိုသည်ကို သိနေသော်လည်း အားသစ်စိတ်ထဲတွင် မစိုးရိမ်ဘဲမနေနိုင်။

Marmalade [Own Creation]Where stories live. Discover now