2

1.2K 229 16
                                    

Unicode

အပိုင်း - ၂

လူသစ်လေ့ကျင့်ရေးအတွက် ညနေပိုင်းတွင် ကျောင်းသားများသည် ကျောင်းအားကစားခန်းမထဲတွင် စုစည်းကြရ၏။ ကြီးမားသည့် အားကစားခန်းမထဲတွင် လူသစ်လေ့ကျင့်ရေး၏ ပထမနေ့ဖြစ်သည်မို့ ကျောင်းသားများသည် စိတ်ဝင်စားမှုအပြည့်ဖြင့် လူအကုန်နီးပါး လာကြသည်မို့ အခန်းအပြည့်နီးပါးပင်။ သူတို့သည် တစ်ယောက်ကိုတစ်ယောက် မိတ်ဆက်ပြီး ပျော်ရွှင်စွာဖြင့် နေနေ၏။

တပ်နေကျနားကြပ်ကို ဖြုတ်ထားရခြင်းကြောင့် ယခုအချိန်သည် နိုင်းချင်းအတွက် အလွန်ပဲဆူညံ နေပေသည်။ လူတို့၏ စိတ်ကိုကြားနိုင်သည့်သူမို့ ငယ်စဉ်ကတည်းက တိတ်ဆိတ်သည့်နေ့ရယ်မရှိဘဲ ဘဝကို ကျော်ဖြတ်ခဲ့ရသည်။ လူဟူသည်က အသံတိတ်နေသည့်တိုင် အတွေးကပွားတတ်ကြသည့် သတ္တဝါများ မဟုတ်ပါလား။ လူတို့၏ စိတ်အတွင်းမှလာသော အသံကိုကြားနိုင်ခြင်းသည် ရှားပါးသည့်စွမ်းရည်ဖြစ်ပြီး ထိုစွမ်းရည်ပိုင်ဆိုင်ထားသည့် သူ့ကို ကံကောင်းခြင်းများနှင့် မွေးဖွားလာသည့် ကလေးငယ်ဟု ပတ်ဝန်းကျင်ရှိ လူအတော်များများက ထင်နေကြသော်လည်း နိုင်းချင်းအတွက်တော့ ထိုသည်က ကောင်းချီးရော ဟုတ်ပါရဲ့ လားဟု သံသယဝင်မိသည်။

ဘာကြောင့် သူဟာ လူတို့ရဲ့စိတ်အတွေးကို ကြားနိုင်နေရတာလဲ။ အချိန်တိုင်း သူ့ခေါင်းထဲတွင် ဆူညံသံများနှင့်သာ ပြည့်နေတတ်သည်။ အခြားသူများလို သူသည် ကိုယ်ပိုင်စွမ်းရည်ကို ထိန်းချုပ်နိုင်စွမ်း လည်းမရှိ။ ထို့အတွက် သူကြားလိုမှ ကြားရသည်မျိုးကို မလုပ်နိုင်ပေ။ စင်စစ်တွင် သူသည် အပြစ်အနာအဆာနှင့် စွမ်းအားရှင်တစ်ယောက်ဖြစ်သည်။ ထိုသည်ကို သူ၊ သူ့မိဘများနှင့် တစ်ယောက်သောသူသာလျှင် သိ၏။ ထိန်းချုပ်နိုင်ခြင်းမရှိသည့် ဆူညံသံများကို နိုင်းချင်း မုန်းသော်လည်း တဖြည်းဖြည်းနှင့် သူ အသားကျလာသည်။ တိတ်ဆိတ်အေးဆေးနေချိန်မရှိဘဲ ဆူညံသည်က သူ့ဘဝဟု သူ မှတ်ယူထားလိုက်နိုင်ခဲ့ပြီ။

အရာအားလုံးက အလေ့အကျင့်ဖြစ်သွားပြီဆိုရင် ပြဿနာမရှိတော့ပါဘူး။

Marmalade [Own Creation]Where stories live. Discover now