အပိုင်း (၅)

Start from the beginning
                                    

ဤသည်နှင့်ပင်ထိုက်တန်ခဲ့သည်လား။

" နှလုံးသားရဲ့စေခိုင်းအချက်ကိုလိုက်နာရင်တော့ ရလာဒ်ကနာကြင်ခြင်းပဲ ။ ဘယ်လိုလဲ ရှေ့ဆက်တိုးမလား ?"

" ငါဘာလို့သူ့ကိုမှချစ်ခဲ့တာလဲ ?"

ကောင်ငယ်လေးကအငေးတိုက်နေရာမှ ရွှန်းလဲ့လဲ့မျက်၀န်းတစုံနှင့်သူမလေးကိုလှည့်ကြည့်ကာမေးခွန်းထုပ်လာသည်။သူကိုယ်တိုင်ပင်ချစ်မိလိုက်မှန်းမသိခဲ့သည့် ဖြစ်ရပ်အားတွေးရင်နှင့်ပင်ရင်နာနေသည်ထင်ပါရဲ့ နှုတ်ခမ်းပါးတို့တုန်ယင်ကာမျက်၀န်းမှအရည်ကြည်တို့ရစ်သိုင်းနေသည်ကိုပါအထင်းသားမြင်နေရ၏။

" အချစ်ကလုပ်ယူလို့မရဘူးလေ ။ နင့်ရဲ့နှလုံးသားကသူ့ကိုလက်ခံခဲ့လို့ချစ်ခဲ့မိတာ ! နာကြင်ခြင်းနဲ့ကျင့်သားရသွားတဲ့အခါကျ ဒီလောက်လေးကဘားမှမဟုတ်တော့ပါဘူး "

" ကျင့်သားရရမယ်တဲ့လား ? ငါ . . . . . . . . "

" Jungkook ah !"

ခပ်ဩဩအသံနှင့်အတူ ကောင်ငယ်လေး၏ပခုံးအားထိတွေ့ကိုင်တွယ်လာသည့်လက်တစုံကြောင့်မော့ကြည့်မိသည်။ထိူလူသားပါပဲ။ဟန်ဆောင်အပြုံးလေးနှင့်ကြိုဆိုတော့ ထိုလူသားကကောင်ငယ်လေး၏ဘေးနားကထိုင်ခုံကိုဆွဲကာ၀င်ထိုင်သည်။

" ခင်များလာရတာအဆင်ပြေရဲ့လား ?"

" ပြေပါတယ် ။ သူငယ်ချင်းလား ?"

မျပ်နှာချင်းဆိုင်တွင်ထိုင်ပြီးသူတို့နှစ်ယောက်အားပြူးကြောင်ကြောင်လေးနှင့်ကြည့်နေသည့်Monbyoulကိုကြည့်လျက်ထိုလူသားကလက်မေးငေါ့ကာမေးလာသည်။ထိုအခါမှ သူမလေးကထိုလူသားကိုပါးချိုင့်ပေါ်သည်အထိပြုံးပြလာသည်။နို့နှစ်လိုအသားအရောင်နှင့်ခါးအထိရှိသည့်ဆံနွယ်ရှည်ရှည်ကသူမလေး၏အလှကိုပေါ်လွင်စေသည်။မျက်ခုံးတန်းတန်း၊နှုတ်ခမ်းမထူမပါးနှင့်မျက်၀န်းဝိုင်းဝိုင်းတို့ကမြင်သုအများကိုသွဲမတ်စေ၏။

ထိုလူသားမေးနေသည်ကိုပြန်မဖြေပါပဲ‌ငေးကြည့်နေသည့်အတွက်Monbyoulကပဲသူ့အစားပြန်ဖြေရပြန်သည်။

" ဟုတ် ! Jungkookkieရဲ့သူငယ်ချင်းပါ "

" တွေ့ရတာ၀မ်းသာပါတယ် ။ ကိုယ်ကအခုမှဘူဆန်မှာနေမှာ "

𝔹𝕃𝔸ℂ𝕂 𝕃𝕆𝕋𝕌𝕊 | အနက်ရောင်ကြာပန်း | CompletedWhere stories live. Discover now