Part 3 {Unicode}

4.7K 303 0
                                    

"အဝေ့မှာ...ချစ်သူတွေဘာတွေမရှိဘူးလားဟင်"

"မရှိဘူး...ဝေ့မှာ မရှိပါဘူး"

မျှော်လင့်ချက်အပြည့်နဲ့နားထောင်ခဲ့ပေမယ့် 'ထိပ်ထားစံဝေ'ရဲ့အဖြေကြောင့် 'ဆောင်း'စိတ်ဓာတ်ကျသွားရသည်။😔

"ဘာလို့လဲ...အဝေက ဒီလောက်ချော.ဒီလောက်လှနေတာကို ချစ်သူလေးတောင်မရှိဘူးပေါ့"

"ဟုတ်"

'ဟင်းးးးး....အင်းပေါ့လေ...ချစ်သူမရှိလို့လဲ ဒီကိစ္စကိုလွယ်လွယ်သဘောတူနိုင်တာပေါ့'

'ဆောင်း'သက်ပြင်းရှည်ကြီးချကာ တစ်ယောက်ထဲကြားရုံ ကိုယ့်ကိုယ်ကိုစကားပြောနေမိသည်။

"ဒါပေမယ့် အဝေစဉ်းစားကြည့်နော်...လက်ထပ်တယ်ဆိုတာ ချစ်တဲ့သူနဲ့မှကောင်းတာမဟုတ်လား...ကိုယ်ချစ်တဲ့သူနဲ့လက်ထပ်မှ စိတ်ချမ်းသာပြီးပျော်စရာကောင်းမှာလေ...ကိုယ်မသိတဲ့သူ.မချစ်တဲ့သူနဲ့လက်ထပ်တာ လုံးဝ‌မကောင်းဘူး...ဟုတ်တယ်မဟုတ်လား"

'ဟုတ်တယ်လေ...အဲ့ဒါကြောင့်မို့ပဲ ဝေကကိုယ်ချစ်တဲ့သူကို လက်ထပ်ဖို့လုပ်နေတာပေါ့...ဝေချစ်တဲ့မမကို အဲ့ဒါကြောင့်လက်ထပ်မှာလေ'

'ထိပ်ထားစံဝေ'.စိတ်ထဲကနေသာ အဲ့ဒီလိုပြောခဲ့ပြီး တကယ့်လက်တွေ့မှာတော့ ဝန်မခံရဲသေးပါ။😣

"ဟုတ်"

"အဲ့ဒါကိုပဲ မမပြောချင်တာပေါ့...ကိုယ်ချစ်တဲ့သူနဲ့ပဲ လက်ထပ်သင့်တဲ့ဟာကို...မိဘတွေသဘောတူလို့ဆိုပြီး မချစ်တဲ့သူနဲ့လက်ထပ်တာမဖြစ်သင့်ဘူးလေ...အဝေ ကိုယ်မချစ်တဲ့သူနဲ့လက်မထပ်သင့်ဘူး.သိလား...အဝေ့မှာ အခု..ချစ်သူမရှိသေးပေမယ့်လဲ...အဝေက ငယ်ငယ်လေးရှိသေးတာလေ...နောက်တော့ ချစ်တဲ့သူရှိလာမှာပဲ...အဝေချစ်တဲ့သူပေါ်လာတဲ့အခါကျတော့ အဝေကလက်ထပ်ပြီးသားဖြစ်နေရင် ဘယ်ကောင်းမလဲ...ဟုတ်တယ်မလား"

"ဝေ့မှာ...တခြားချစ်ရမယ့်သူ ဘယ်တော့မှရှိမှာမဟုတ်ပါဘူး"

ထိုစကားကို သူမရဲ့မမကိုလေးလေးနက်နက်ကြည့်ကာ 'ထိပ်ထားစံဝေ'အဓိပ္ပါယ်ပါပါပြောခဲ့တာပါ။

"ဒါပေမယ့်လဲ...‌အဝေ အဲ့ဒီလိုအတပ်ပြောလို့မရဘူးလေ...ကံကြမ္မာဆိုတာ ပြောလို့မရဘူးမဟုတ်လား...အဲ့ဒီတော့...အဝေ့မှာ အခု..ချစ်ရတဲ့သူမရှိသေးပေမယ့်လဲ နောက်တော့ရှိလာမှာလေ...အဲ့ဒီအခါကျမှ ကိုယ်ချစ်တဲ့သူနဲ့ အဝေလက်ထပ်သင့်တယ်မလား"

Only for you{မမအတွက်သာ} >>Uni+ZawWhere stories live. Discover now