မိုးဦးအသံက ခပ်ပြတ်ပြတ်။
သော်က မိုးဦးကို ငေးကြည့်ရင်း.....

"အင်းပါ....ကို ကောင်းသလိုသာလုပ်ပါ...သော် ယုံပါတယ်....ဒါပေမဲ့...ကို ပင်ပန်းမှာစိုးလို့လေ...သော်ကတော့ ဒီရွာမှာပျော်တာပေါ့...အရမ်းအေးချမ်းတာပဲ"

"ပင်ပန်းစရာမလိုပါဘူး သော်ရယ်...ကိုယ်က အိမ်ထောင်တစ်ခုကိုတာဝန်ယူထားရတဲ့သူဖြစ်နေပြီ.... သော်သာ...ဘာမှ ကြိတ်မခံစားနဲ့"

သော်....ကို့ကို ဘာမှပြန်မပြောနိုင်တော့။
ဒီလိုပါပဲ...ကိုက....သော့်အပေါ် ခုမှ လွှမ်းမိုးနိုင်တာမဟုတ်။ သော် အဖွားတို့အိမ်ရောက်လာပါပြီဆိုကတည်းက....ကို့ လမ်းညွှန်မှုနဲ့သာ နေခဲ့ရသူပါ။ သော်ကျောင်းစတက်တော့လဲ ကိုပဲ တာဝန်ယူတာ။ အတူနေခဲ့စဥ် သော့်ကလေးဘဝတစ်လျှောက်လုံးရော ကိုနဲ့သာ။   ခဏတာ ဝေးသွားတဲ့အချိန်မှာတောင်....သော့်အပေါ် ကို့အရိပ်တွေ လွှမ်းမိုးမှု ကြီးမားခဲ့သည်ပဲလေ။

"ပြန်ကြမယ်လေ"

သော် ကို့ကိုခေါင်းညိမ့်ပြလိုက်တော့သည်။

ကိုက သော့်လက်ကိုဆွဲပြီး....အိမ်ပြန်ဖို့ပြင်သည်။
ပူတူးကလဲ ဆွဲထားသေးတာ။
သော့်မှာ သူတို့နှစ်ယောက်ကြား....လက်ကားယားလေးနဲ့။

ကို့ကို ကြည့်တော့ မသိချင်ယောင်ဆောင်ကာ လွှတ်မပေး...ပူတူးကြည့်တော့လဲ ထို့အတူသာ...သော့်လက်ကိုဆွဲရင်း သော့်ဘေးခြေနှစ်လှမ်းလောက်တက်လာသေးသည်။ သူလဲ သောိ့လက်ကိုတွဲမှာပဲဆိုတဲ့ပုံနဲ့။

သုံးယောက်သား ...လမ်းလယ်မှာလက်တွေတွဲထားသလိုကြီး။

"ကို... ရှေ့ကလျှောက်လေ"

မတတ်နိုင်တော့....ကို့ကိုပဲ သော် ပြောလိုက်ရသည်။
ပူတူးက ကလေးလေ။ သော့်ကို ရောက်ကတည်းက တကပ်ကပ်နေချင်နေတာ။ တစ်ရက် နှစ်ရက်ဆိုရင် မေ့မေ့ပျောက်ပျောက်နဲ့ ဆော့တဲ့ဘက်စိတ်ပြန်လည်သွားမှာ....ရောက်စခဏမို့ကပ်နေတာ။ ဒါကြောင့် သူကပ်တုန်း အလိုလိုက်ပေးချင်တာ။

"ပူတူး...ကိုကြီးအေးချမ်းလက်ကို လွှတ်...ရှေ့ကလျှောက်တော့....ကိုယ်က လမ်းတွေဘာတွေ မှားသွားရင်ဘယ်လိုလုပ်မလဲ "

ချစ်သူ့စကား ရင်နှင့်ကြားစေWhere stories live. Discover now