အသုံးများတာတော့ ဆိုင်ကယ်ပါပဲ။ ရွာလမ်းတစ်လျှောက် တဝူးဝူးနှင့်။
မြို့ထက် သာယာသည်။ အေးချမ်းဆိတ်ငြိမ်သည်။ ဆိုင်ကယ်သံတွေသာ ဒီလောက်မများရင် အရမ်းကို သဘောကျစရာကောင်းလိမ့်မည်။ အရင်လိုလမ်းလျှောက်သွားကြ လှည်းနဲ့သွားကြ စက်ဘီးနဲ့သွားကြတော့ မရှိတော့ပါ။ ဆိုင်ကယ်တွေချည်းသုံးကြသည်။

မိုးဦးကလမ်းလျှောက်ရင်း...ခြံတွေ မြေတွေ ကြည့်နေလိုက်သည်။ အလွတ်ကျယ်ကျယ်လေးများတွေ့မလားလို့လေ။ကြုံတုန်းကြည့်လိုက်တာပေါ့။ နေဖို့ထက် အလုပ်အတွက် အရင်စဥ်းစားရမည်။ အလုပ်ပေါ်မူတည်ပြီးနေစရာ စီစဥ်ရမည်။
ရွာလေးက သာယာတော့ မိုးဦးလဲ သဘောကျသည်။
ဒီရွာမှာသာဆို သော်လဲ ပျော်မည်။ မိုးဦးကတော့ သော် ပျော်ဖို့အဓိက။ ကိုယ်က သော့်အတွက်ပဲ အားလုံးစီစဥ်ရမည်လေ။

"ကို"

"အင်း....သော်"

သော့်ခေါ်သံကြားတော့ မိုးဦး သော့်နားကပ်သွားလိုက်သည်။ခုမှ ခေါ်ဖော်ရတယ်။
ပူတူးက တကယ်ကြီးလက်ကိုမလွှတ်သေး။ သော့်လက်ကိုကိုင်ထားရင်း စကားပြောတာရပ်စောင့်မည်ပေါ့။
တယ်....ဒီပူတူး.....ငါလုပ်ချင်နေပြီ...
မိုးဦး ပူတူးကိုအူယားနေပြီလေ။

"ဟိုးးးးးဘက်မှာဆို စိုက်ခင်းတွေလေ...ကို....လှမ်းကြည့် မြင်ရတယ်...နောက်နေ့မှသွားကြမယ်လေ...ခု ပြန်ကြစို့"

ရွာအလယ်လောက်ရောက်တော့ ရွာနောက်ဘက်ကို ဆင်းချသွားတဲ့ လမ်းသွယ်လေးရှိသည်။ အခင်းတွေကိုဝေးဝေးကလှမ်းမြင်ရသည်။ စိမ်းစိမ်းစိုစိုနှင့်.....ဒီချိန် ဘာတွေမ​ျားအဓိကစိုက်ကြပါလိမ့်။ ဦးလေးသန်းကိုမေးရမည်။

"သော်....ကိုတို့ စိုက်ပျိုးရေးပဲ လုပ်ရမယ်ထင်တယ်"

"ကိုရယ်....လုပ်နိုင်ပါ့မလား...အရမ်းပင်ပန်းတယ်"

"လုပ်နိုင်ပါတယ်....သော်ရယ်...လူငှားလဲ ရတာပဲ"

"နေပါအုံး ....ယတိပြတ်ဆုံးဖြတ်တော့မလို့လား"

ကို့လက်ကို လှမ်းဆွဲပြီး သော်က ညည်းညည်းလေးပြောသည်။

"ကို...ရန်ကုန်မှာလဲ သော့်ကို ပြောပြီးသားလေ...အလုပ်က ကို စီစဥ်ပါ့မယ်....သော်က ဒီမှာနေမလား...တခြားမှာနေချင်တာလား....ဒါပဲစဥ်းစား...ကျန်တာ ကို လုပ်ပါ့မယ်....ကို့ကို မယုံဘူးလား...ရန်ကုန်တော့ သော် မနေရဘူး"

ချစ်သူ့စကား ရင်နှင့်ကြားစေDonde viven las historias. Descúbrelo ahora