နောက်ပြီး 'ဆောင်း'ရဲ့မျက်ဝန်းလေးတွေဟာ သာမန်ထက်အနည်းငယ်ဝိုင်းစက်ပြီး မျက်တောင်ရှည်လေးတွေကလဲ အဝေးကကြည့်ရင်တောင် ကော့ညွှတ်ပြီးအရမ်းလှပပါတယ်။'ဆောင်း'ရဲ့နှာခေါင်းလေးကတော့ ချွန်ချွန်လေးနဲ့ နှုတ်ခမ်းလေးကတော့ပါးပါးလေးပါ။အခုခေတ်မိန်းကလေးတွေလို ဟော့ဟော့ရမ်းရမ်းမနေပေမယ့် မြင်ရသူတိုင်းစွဲလမ်းချစ်ခင်သွားရအောင်ကို 'ဆောင်း'ဟာနတ်သမီးလေးတစ်ပါးလိုလှပတဲ့သူရယ်ပါ။အဲ့ဒီလိုမျိုး အကြည့်မလွှဲချင်လောက်အောင်ညှို့ယူထားတဲ့ သူမရဲ့သတို့သမီးလောင်းလေးကိုကြည့်ကာ 'ထိပ်ထားစံဝေ'ကျောက်ရုပ်ကြီးလိုဖြစ်နေခဲ့ကာ_

'မမ....မမ ပါလား'

အပေါက်ဝနားမှာပဲစုံရပ်နေခဲ့ကာ နှုတ်မှလည်းအသံမထွက်ဘဲ နှုတ်ခမ်းလေးလှုပ်ပြီး 'မမ'လို့ရေရွတ်နေမိသည်။အဲ့ဒီလိုရေရွတ်မိတိုင်း 'ထိပ်ထားစံဝေ'ရဲ့နှလုံးခုန်သံတွေဟာ တစ်ဆပြီးတစ်ဆမြန်ဆန်လာရသည်။

"ဟဲ့...ဝေလေး...သမီး...ဘာလို့ မတ်တပ်ကြီးရပ်နေတာတုန်း...လာထိုင်လေ မေ့သမီးရဲ့"

သူမအမေခေါ်မှ ပြန်လည်သတိဝင်လာကာ အမေ့ရဲ့ဘေးနားမှာ 'ထိပ်ထားစံဝေ'ကပ်ထိုင်လိုက်သည်။သူမထိုင်တာက 'ဆောင်း'နဲ့မျက်နှာချင်းဆိုင်ပေါ့။စားပွဲရဲ့ဟိုဘက်ခြမ်းနဲ့ဒီဘက်ခြမ်းမှာ တစ်မိသားစုဆီမျက်နှာချင်းဆိုင်ထိုင်နေကြတာပါ။

"တီခင်...မတွေ့တာကြာပြီ..နေကောင်းတယ်မလားရှင့်"

'ထိပ်ထားစံဝေ'က 'ဒေါ်ခင်သန္တာ'ကိုနှုတ်ဆက်လိုက်သည်။

"နေကောင်းပါ့ သမီးလေးရယ်...ဝေလေးကတော့ မတွေ့တဲ့အတောအတွင်းမှာ ပိုပိုချောပိုပိုလှလာပါလားနော်"

"ဟီး...ကျေးဇူးပါ တီခင်...တီခင်တို့ကို သမီးစောင့်ခိုင်းရသလိုဖြစ်သွားလို့ တောင်းပန်ပါတယ်နော်"

"အမေလး...ရပါတယ် ဝေလေးရဲ့...စကားပြောချိန်တောင် ရသွားတာပေါ့...တီခင်နဲ့ ပပကပြောစရာတွေအများကြီးရှိနေတာလေ"

"ဟုတ်"

"ဒါနဲ့ ဝေလေးကဘယ်သွားရတာတုန်း...သူငယ်ချင်းကို ကူညီဖို့သွားတာဆို...ဝေလေးရဲ့သူငယ်ချင်းက ဆိုးဆိုးဝါးဝါးများဖြစ်လို့လား"

Only for you{မမအတှကျသာ} >>Uni+ZawWhere stories live. Discover now