အခန်း (၂၆) | အခန္း (၂၆)

Start from the beginning
                                    

မင်းနဲ့ငါ ချွေးသံတရွှဲရွှဲနဲ့ ခမ်းနားလှတဲ့ဝတ်စုံ၊ ခမ်းနားလှတဲ့ဟိုတယ်ကြီးမှာ နေ့တိုင်းမတွေ့မြင်နိုင်တဲ့ မအပ်စပ်တဲ့အရာမျိုးကို လုပ်နေကြတယ်။

[ခေါက်ဆွဲစားနေကြတာပါ။ တမျိုးမတွေးကြပါနဲ့]

အရသာကတော့ အတူတူပဲ။ ဒါပေမယ့်လည်း အထူးသဖြင့် မင်းနဲ့စားရတော့ ပိုပြီးအရသာရှိသွားတယ်။

"မင်း ငါ့အတါက် မွေးနေ့လက်ဆောင်ပြင်ထားလား?"

"မပြင်ရသေးဘူး" မင်းပါးစပ်ထဲမှာအာလူးတွေရှိနေတာကြောင့် သေချာမရှင်လင်းဘူး။

"မင်း ငါ့ကိုလုံးဝဂရုမစိုက်ဘူးပေါ့" ငါခေါက်ဆွဲပြုတ်ရည်သောက်ချလိုက်ပြီး မင်းကို ဝမ်းနည်းစွာနဲ့ အပြစ်တင်လိုက်တယ်။

"တကယ်တော့ မင်းလက်ခံမယ်ဆိုရင်တော့ ပေးလို့ရပါတယ်။ မင်းလက်မခံမှာစိုးလို့သာ ငါနည်းနည်းတွန့်ဆုတ်နေတာ"

ငါအရည်တောင်သီးသွားတော့မလိုပဲ "မင်းဘာတွေပြောနေတာလဲ။ မင်းကသာ မပေးရဲတဲ့သူ၊ ငါကလက်ခံရဲတယ်ကွ"

မင်းတည်ငြိမ်စွာနဲ့ ငါ့နှာခေါင်းလေးကိုထိလာပြီး ငါ့ကိုပြုံးပြရင်း မေးလာတယ်။ "ငါလေ၊ ငါ့ကိုယ်ငါထုပ်ပြီး မင်းကို ပို့ပေးလိုက်မယ်လေ။ မင်းကို တသက်လုံးချက်ပြုတ်ကျွေးမွေးနိုင်ပါတယ်"

ဒီလိုစကားတွေကြားကတည်းက ငါ့ရဲ့နှလုံးသားလေးက တဒိတ်ဒိတ်ခုန်နေခဲ့ပြီးပြီ။ ဒါပေမယ့်လည်း ရုပ်တည်ကြီးနဲ့ ပြန်လည်ချေပလိုက်တယ်။ "မင်း? မင်းက အစောကတည်း ငါ့ရဲ့သက်ဆိုင်တဲ့သူဖြစ်နေပြီလေ။ အဲ့ဒါကထည့်တွက်လို့လား? မင်းက လူညစ်ကလေးပဲ"

ပြီးတော့ ငါအနားသွားပြီး မင်းကိုခေါ်ဖို့အတွက် အင်အားအများကြီးသုံးလိုက်ရတယ်။ ငါ့အဖြေကိုတော့ အာလူးအရသာနဲ့ တော်တော်ရှည်ကြာတဲ့အနမ်းတစ်ခုကို ပေးအပ်ခဲ့တယ်။

အကယ်၍ဖြစ်နိုင်မယ်ဆိုရင် ရှေ့လျှောက် ငါ့မွေးနေ့တွေမှာလည်း မင်းလုပ်ပေးတဲ့တူညီတဲ့အစားအစာကိုဘဲ စားရပါစေလို့ဆုတောင်းမိတယ်။

မှားတယ် မှားတယ် မှားတယ်။ ဖြစ်နိုင်ရင်မဟုတ်ဘူး။ 'အတူတူစားဖို့ဖြစ်ကိုဖြစ်ရမယ်' လို့ပြောရမှာ..

15P 7H 6SM  |   ⟨⟨Myanmar Translation⟩⟩ ✓Where stories live. Discover now