အထွန်းက မျက်ရည်ဝဲသည်။
ကိုမိုး တကယ် လက်ထပ်သွားပြီပေါ့နော်။
ကိုမိုးက တကယ်ပဲ ။အထွန်းလေ အမေ့ကို တောင်းပန်ချင်လိုက်တာ။
"အမေ အထွန်းလေ ကိုမိုးကို တကယ်ထပ်မတွေ့တော့ဘူးနော်"
အထွန်းသည် ခပ်တိုးတိုးပြောရင်း ဆုံးဖြတ်ချက်တစ်ခုကို ခိုင်ခိုင်မာမာ ချကာ ညာဘက်သို့ ချိုးသည်။ မနက်စောစောတွင် နေရောင်ခြည်က ဖြိုးဖြိုးဖျဖျ သာလင်းနေသော်လည်း အထွန်းကတော့ ထီးဆောင်းထားပါသည်။
မမှတ်မိစေချင်ဘူး။ အထွန်းကို လူတွေ မမှတ်မိစေချင်ဘူး။
******
တစ်နှစ်ကျော် ပစ်ထားခဲ့သော အိမ်သည် သပ်သပ်ရပ်ရပ် ရှိနေသည်။ အိမ်ရှေ့တွင် ရှိနေသော ကံ့ကော်ပင်များနှင့် ခြံစည်းရိုးမှ လွဲ၍ အထူးအဆန်း မတွေ့။
အထွန်းကခြေလှမ်းကို ချက်ချင်းရပ်သည်။
မဟုတ်မှ အခြားသူတွေ လာနေနေတာလား ။အထွန်းရဲ့ အိမ်မှာလေ ၊ အထွန်း အမေရဲ့ အိမ်မှာလေ။
အထွန်းက အိမ်ခြံအပြင်မှ ရပ်ကြည့်နေရင်း နှုတ်ခမ်းဆူသည်။
အမေ့အိမ်ပဲ ၊ ဝင်သွားကြည့်ရင် ဘာဖြစ်မှာမလို့လဲ။
ကိုယ့်အမေအိမ် ကိုယ်ဝင်တာပဲကို ။ခြံတံခါးကို အသာတွန်း ဝင်လာသော အထွန်းသည် ကံ့ကော်ပင်ကို မော့ကြည့်ရန်လည်း မမေ့ ။
ကံ့ကော်ပင်အောက်မှ ဖြတ်ကာ ကွပ်ပျစ်ဆီ အရောက်တွင် ရေသံကို ကြားလိုက်ရသည်။ ရေသံ ။ ရေကျတဲ့ အသံ။
"အထွန်း"
"ဟင်"
"အထွန်းလား"
အံ့ဩသွားသည့် အချိန်တွင် အပြေး ရောက်လာသူက ကိုထက်။
ပုဆိုးက ရေရွှဲနေသလို ၊ ဆံပင်နှင့် မျက်နှာ တွင်လည်း ရေစက်များဖြင့် စိုရွှဲနေသည်။"အထွန်း"
ထက်အောင်က ရေခွက်ကို ကွပ်ပျစ်ပေါ်သို့ ချကာ အထွန်းပခုံးကို လာကိုင်သည်။
"ဘယ်တွေရောက်နေတာလဲကွာ"
အထွန်းတစ်ယောက် ချက်ချင်းမဖြေနိုင် ။ အံ့ဩမှုကြောင့် စကားလည်း မပြောနိုင်သေး ။
ကိုထက်က ဒီကို ဘာလို့ရောက်နေရတာလဲ ။
![](https://img.wattpad.com/cover/253808493-288-k444591.jpg)
YOU ARE READING
ပုလဲတို့ဖြင့်ဖွဲ့သီသော ( Completed)
Romance"ကံ့ကော်ဆိုတာ မပြောင်းလဲတဲ့ချစ်ခြင်း သက်သေ"
Extra Final ( Zawgyi)
Start from the beginning