အခန်း(၂)လျှို့ဝှက်အစီအစဉ်

Start from the beginning
                                    

[ညနေမစောင်းခင်အချိန်မှာ လင်းပိုင်းတွေကို ထိန်းကျောင်းတဲ့နည်းလမ်းအတိုင်း ရေသူထီးကိုလည်း ယဉ်ပါးအောင်လုပ်ဖို့အတွက် အစီအစဉ်ချမှတ်ခြင်းကို ကျွန်တော်စတင်ချင်ခဲ့တယ်။ ဒါပေမယ့် လက်ရှိအခြေအနေမှာ အဲ့ဒီရေသူထီးရဲ့ ဉာဏ်ရည်က ဘယ်လောက်ထိမြင့်သလဲဆိုတာ မသတ်မှတ်နိုင်သေးဘူးလေ။ အဲ့တာကြောင့် သူ့ကို ယဉ်ပါးအောင် ထိန်းကျောင်းဖို့ထက် သူ့ရဲ့လုံခြုံမှုအတွက်မစိုးရိမ်ဘဲ ကျွန်တော့်အပေါ် ယုံကြည်လက်ခံနိုင်ဖို့ကို မျှော်လင့်ရင်း သူနဲ့ အရင်ဆုံး ရင်းနှီးအောင်လုပ်ကြည့်ဖို့ ကြိုးစားချင်ခဲ့တယ်။ ]

ဒုန်း ဒုန်း ဒုန်း —

အခန်းတံခါးခေါက်သံ တဒုန်းဒုန်းက ရုတ်တရက်ထွက်ပေါ်လာသည်။

"ဒက်ရှဲရိုး ....?"

ထိုအသံက ရိုင်းရဲ့အသံ။ ကျွန်တော် ဒိုင်ယာရီစာအုပ်ကို ခပ်မြန်မြန်ပဲပိတ်ချလိုက်ပြီး သူရှာမတွေ့ဖို့ ပွင့်ဟနေတဲ့ အိပ်ရာချုပ်ရိုးကြောင်းထဲ ထိုးထည့်လိုက်သည်။ ဒီအကြောင်းကိုသာ ရိုင်းရှာတွေ့ခဲ့ရင် သေချာပေါက် သူကျွန်တော့်ကို တားတော့မှာ။ ရေသူမျိုးနွယ်ကလည်း သွေးဆာနေတဲ့ သတ္တဝါတစ်မျိုးပဲလို့ ရိုင်းက အမြဲတမ်း ယုံကြည်ထားခဲ့သည်။ သူတို့က ငါးမန်းတွေလို ရိုင်းစိုင်းကြမ်းကြုတ်ပြီး အပြုအမူတော်တော်များများကိုလည်း အနီးကပ်ရှိနေမှသာ သတိပြုနိုင်သည်။ ဒါပေမယ့် ရိုင်းက ကျွန်တော့် ဆရာဖြစ်တဲ့အပြင် အခုလိုစိတ်ကူးယဉ်ဆန်လွန်းတဲ့ ဇီဝဗေဒဆိုင်ရာ သုတေသနပြုမှုမှာတော့ သူ့ရဲ့ ကျွမ်းကျင်မှုက ကျွန်တော့်ထက် သာလွန်နေတာကြောင့် သူ့ရဲ့ယုံကြည်မှုအပေါ် အမြင်ပြောင်းလဲဖို့ကို ကျွန်တော် မတတ်နိုင်ခဲ့ဘူး။

ဒိုင်ယာရီစာအုပ်ကို ဖွက်ပြီးမကြာခင်မှာပဲ ရိုင်းက အခန်းတံခါးကိုတွန်းဖွင့်ပြီး အထဲသို့ဝင်လာသည်။ သူက ရိုးရှင်းစွာပဲ အိပ်ရာပေါ်မှီချလိုက်ပြီး ထိုကဲ့သို့သော သူ့ရဲ့ နီးကပ်လာတဲ့အပြုအမူတွေကို မျက်စောင်းဖြင့်မကြည့်မိခင် ကျွန်တော့်ရဲ့ မျက်လုံးတွေကို အကြီးအကျယ်အိပ်ချင်နေသည့်ကြားက အတင်းအကြပ်ဖွင့်ထားရသလို ပုံစံမျိုးဖြစ်အောင် ပြုလုပ်လိုက်သည်။

Desharow's MermanWhere stories live. Discover now