"ဟင့်အင်း..ကို....လမ်းရောက်မှနားကြမယ်....သွားရအောင်"

သော်တို့....မြို့က ထွက်လာခဲ့ပါတော့သည်။

ဦးလေးသန်းတို့ရွာကို ရောက်ဖို့ သော်တို့ တစ်ညလုံး မောင်းကြရမှာ။ သော်က ကားမောင်းတတ်ပေမဲ့ ကျွမ်းကျွမ်းကျင်ကျင်မဟုတ်။ ဦးလေးသန်းက သင်ပေးထားလို့သာ မောင်းတတ်ခဲ့တာ။ မမောင်းတာလဲ ကြာပြီ...လမ်းလဲမကျွမ်းကျင်တော့ ရန်ကုန်ကစထွက်ကတည်းက ကိုပဲ မောင်းခဲ့တာ။ တစ်ညလုံးဆက်မောင်းရအုံးမယ်။ သော့် ကိုတော့ ပင်ပန်းတော့မှာပဲ။
အားရင်တော့...ကို့ကို ကားမောင်းပြန်ကျင့်ပေးခိုင်းရမည်။

"ကို....ဖြေးဖြေးမောင်းနော်...တညလုံးမောင်းရမှာ....အိပ်ချင်ရင်လဲ ပြောနော်...လမ်းဘေးချပြီးအိပ်ရမယ်"

"ဟုတ်ပါပြီဗျာ....ကိုက... ကားမောင်းရင် ဘယ်တော့မှ အိပ်မငိုက်ဘူး... စိတ်မပူနဲ့...သော်လေးရဲ့.....ချစ်တယ်"

"ဟင်....ဘာမှလဲမဆိုင်ဘူး....ကားသတိထားမောင်းပါဆို ချစ်တယ်က ဘယ်ကပါလာတာလဲ"

"ချစ်တယ်က ချစ်တယ်ပေါ့ သော်ရဲ့....အချိန်တိုင်းချစ်နေတာကို... ဘယ်တတ်နိုင်မလဲ"

"ကို သိလား....ညစာစားနေကြဆိုင် သော် မှတ်မိတယ်...အရမ်းကောင်းတာ...အဲ့မြို့ရောက်မှစားကြမယ်"

"သည်းသော်လေးသဘော...ချစ်ပါတယ်ဆို"

သော် ကို့လက်ကို ဆွဲယူကာ ပါးမှာကပ်ထားပြီး ဘာမှမပြောတော့.....ပြုံးပြုံးလေးနဲ့.....အင်း...ကျေနပ်နေတာပေါ့။ ကိုက ​သော့်ကို သိပ်ချစ်တာ သိတယ်လေ။ ကို့အချစ်က တော်တန်ရုံမဟုတ်တာ သော်သိတာပေါ့။ သော် အဖွားတို့အိမ်ကို စပြီးရောက်လာကတည်းက ကိုက သော့်ကိုညီငယ်လေးလိုစောင့်ရှောက်ခဲ့ချစ်ခဲ့တာ။ ငို့အချစ်တွေအရောင်ပြောင်းလဲသွားသည့်တိုင် အချစ်တွေကလျော့သွားတာမရှိ။ ငယ်သံယောဇဥ်ရော မမသားစုဝင်တစ်ဦးလိုချစ်တာရော ချစ်သူလိုချစ်တာရော အိမ်ထောင်ဖက်လိုချစ်တာရောကြောင့် ကို့အချစ်သည် ပြီးပြည့်စုံလွန်းပါသည်။

သော်ကရော....သော် ဖော်ပြမတတ်ပါဘူး။ ကို့ လို စကားနဲ့ ခဏ ခဏတော့ မပြောဖြစ်ပါဘူး။ ိကု့ထက်မသာရင်နေ မလျော့တဲ့ သော့်အချစ်တွေပါ။ သော့်လဲ ကို့ကို အားကိုခြင်း ယုံကြည်ခြင်း လေးစားခြင်းတွေပါဝင်သောအချစ်နှင့် ချစ်ခဲ့တာပေါ့။

ချစ်သူ့စကား ရင်နှင့်ကြားစေWhere stories live. Discover now