ဗီလိန်နိဒါန်း

Start from the beginning
                                    

သူ၏နံမည်​က ကျိူးယွင်​ရှန်​့ ဖြစ်​ပြီး မူလ​နေထိုင်​သည်​့ကမ္ဘာက ၂၄၅၈သိပ္ပံ​ခေတ်​ဖြစ်​သည်​။ ထိုကမ္ဘာတွင်​ ကျိူးယွင်​ရှန်​့ သည်​့ထိပ်​တန်​းဟက်​ကာတစ်​ဦးဖြစ်​သည်​။ တစ်​ရက်​သူ Star network​ပေါ်မှာအလုပ်​လုပ်​ပြီး ပြန်​log outမယ်​အလုပ်​ Black holeကဲ့သို့​သော်​ ''God Space'' ၏ဝါးမျိူခြင်​းကိုခံရပြီး အခြားကမ္ဘာသို့​ရောက်​သွားခဲ့သည်​။
ထို​နေရာတွင်​ သူကဗီလိန်​အဖြစ်​ရှင်​သန်​ဖို့တာဝန်​​ပေးအပ်​ခြင်​းခံသည်​။ ထို့​ကြောင်​့မ​သေနိုင်​​သောဗီလိန်​တစ်​ဦးပြန်​လမ်​းမဲ့လမ်​းကို​လျှောက်​ရ​တော့သည်​။ ထိုလူ၏မိန်​းက​လေးကိုသူမထိသင်​့မှန်​းသူသိသည်။အဲ့ဒီလူဆရာရဲ့ရတနာပစ္စည်​းမခိုးသင်​့မှန်​းသူသိတယ်​။ထိုလူရဲ့ညီကိုအနိုင်​မကျင်​့သင်​့မှန်း ထိုလူရဲ့မိသားစုကိုမနှိပ်​စက်​သင်​့မှန်း သူအသိရှိသည်။ ဒါ​ပေမယ်​့သူက system ရဲ့ထိန်​းချူပ်​မှု​အောက်​မှာထိုအဓိပ္ပါယ်​မရှိသည့်အလုပ်​​များကိုလုပ်​ပြီးဗီလိန်​တို့၏သေလမ်​းကိုသာ​လျှောက်​ခဲ့ရ၏။

စိတ်​ပျက်​ဖို့အ​ကောင်​းဆုံးကသူ့မှာ ဇာတ်​လိုက်​ကို ဓားနဲ ့ထိုးဖို့၊ခုတ်​ဖို့၊ပစ်​သတ်​ဖို့အခွင်​့အ​ရေးရှိပါလျှက်​နဲ့ System ကသူဖတ်​ဖို့စာ​တွေအများကြီးချ​ပေးတဲ့အခါ ​မျှော်​လင်​့ချက်ပျက်​သုဉ်​းသွားရ​တော့သည်။ ဘာလို့ဆို သူ(ဗီလိန်​)​သေဖို့လူတစ်​​ယောက်​ကအ​နောက်​မှာအမြဲတမ်​းဓားကိုင်​ပြီး​စောင်​့​နေတတ်​တာ​ကြောင်​့ပါပဲ။

ကျိူးယွင်​ရှန်​့ ကအလွန်တရာချောမော ၏။သူ ပြုံးရယ်ခြင်းမရှိသည့်တိုင် သူ၏နှုတ်​ခမ်​းစွန်​း​တို့က​ လေးကိုင်​းကဲ့သို့ကော့ညွှန်​့​နေသည်။ ဤအရာက သူ့ကိုလူရည်​မွန်​ပုံ​ပေါက်​​စေသည်။ ဒါ​ပေမယ်​့အမှန်​တကယ်​ကဆန်​့ကျင်​ဖက်​ပါပဲ။ သူက အတွင်​း​ကောက်​၊ပရိယာယ်​သိပ်​များတဲ့လူ၊ သူ့စိတ်​သူလည်​ထိန်​းချူပ်​ထားနိုင်​တယ်​။ Network ​တွေကိုကစားစရာလိုသ​ဘောထားတဲ့လူတစ်​​ယောက်​က System ရဲ့ဓားစာခံဖြစ်​လာ​တော့ သူ့ရင်​ထဲမှာ​ပေါက်​ကွဲချင်​စိတ်​ကအပြည်​့ပဲ။

ဗီလိန်မာယာ (FOD Unicode) Where stories live. Discover now