ကျေးဇူးတင်စကားမပြောတက်ဘူးလားဟု မေးသည့်အခါမျိုးတွင် ထိုကဲ့သို့ ပြန်ပြောတက်သည်။
အကြောင်းကတော့ ယုယငယ် မနက်ဆိုလျှင် ဘာမှစားခြင်းမရှိတာကို တအိမ်ထဲနေရင်း ရိပ်မိနေပုံဖြစ်မည်။

ဖြိုးဝေ ကတော့ ယုယအား အမအရင်းကဲ့သို့ပင် တွယ်တာနေပြန်သည်။
ယုယငယ် ဟု သူမနာမည်စသိကာစတုန်းက ငယ်မဟုတ်ပဲ မေ ဖြစ်ရင် မမနာမည်က တကယ်လှမှာဟု ဆိုကာ သူ့ဟာသူ နာမည်အသစ်ပေး၍ မမမေ ဟုခေါ်ရင်း သူ့ပါးစပ်ဖျားတွင် နာနည်တစ်ခု တွင်နေသည်။

"မမက မေဆိုရင် သိပ်အမျိုးသမီးဆန်မှာ"
ထိုကဲ့သို့ စကားစတက်သည်။
တွေ့တိုင်းလည်း"မမမေ"သာခေါ်သည်။

"မမမေ မမမေ "

"ဟင် ! အင် မောင်လေး "

"ဘာတွေတွေးနေတာလည်း ကျွန်တော်က မမကို ရေလောင်းမလို့
ဘယ်သူမှမဦးခင်လေ"

"သြော် အင် လောင်းလေ နည်းနည်းပဲလောင်းနော်
အေးတယ်"

ဖြိုးဝေလောင်းလိုက်သော ရေ အနည်းငယ်က ပုခုံးပေါ်ကနေ စီးကျသွားပြီးနောက် အေးစိမ့်စိမ့်ဖြစ်သွားသည်။

"ကောင်စုတ်လေး ရေခဲရေတွေ"

"ကရော်ကရော် မမမေ ခံလိုက်ရပြီ အဟား"

ထွက်ပြေးသွားတဲ့ ကောင်လေးကို မျက်စောင်းသာ ထိုးလိုက်ရသည်။
တကယ်ဆိုးတာပဲ။

မြန်မာတို့ရဲ့အယူအဆအရ တနှစ်တာရဲ့ မကောင်းမှုတွေ အညစ်အကြေး တွေကို နှစ်မကူးခင် ရေနဲ့ဆေးချဆိုလို
အတွေးတစ်ခုဝင်လာတာက
တစ်ချိန်လုံး သူမ လုပ်ခဲ့ဖူးတဲ့အလုပ်အတွက် နောက်နှစ် မပါအောင် သင်္ကြန်ရေနဲ့ဆေးချလိုက်သလို ဆေးချလိုက်လို့ရရင်ကောင်းမည်။
နှစ်တိုင်းထိုကဲ့သို့အတွေးဝင်ဖူးသည်။

သို့သော်လည်း အရင်နှစ်တွေက ရေပတ်ခံထွက်သည်ဆိုတာ သိပ်မှမရှိပဲ။
ဖြိုးဝေ လောင်းသော ရေတစ်ခွက်သာ သူမ အစိုခံခဲ့ သည်။

ရေမလောက်လို့ထင်ပါရဲ့။

"ဟိတ်! ဘာတွေ ကြည်နူးနေတာလဲ"

"ဘာမှမဟုတ်ပါဘူး အမအွန်မ် ရဲ့ "

"ဘာမဟုတ်ပါဘူးလဲ၊ အမယ် စောစောက ကောင်လေးတစ်ယောက် ရေလောင်းသွားလို့ ကြည်နူး နေတာမလား"

A letter to A boy who is not a boy(Completed)Where stories live. Discover now