နို့ထိန်းတွေက အမတ်ကတော် ဒါမှမဟုတ် တခြားမိဖုရား ၊ ဒါမှမဟုတ် ကျေးလက်က ကလေးမွေးကင်းစရှိတဲ့ မိန်းကလေးတွေကို နို့ထိန်းအဖြစ် ခေါ်ရတာ အဲ့တာကလဲ သူတို့မှာ မွေးကင်းစ ကလေးနဲ့ နို့ရည်ရှိတဲ့အချိန်မှသာ ။ ဒီနိုင်ငံမှာ တခြားမိဖုရားမရှိတော့ ထားလိုက်ပါတော့ ။ အမတ်ကတော်နဲ့မိဖုရားတွေကတော့ အမြဲတမ်း ထိန်းလို့မရဘူးလေ ၊ အဲ့ကြောင့် ဒီခေတ်စကားနဲ့ပြောရင် ငှားရတာပေါ့ ..
သူများ ကလေးကို နို့ရည်တိုက်တာလဲ ကုသိုလ်ရပါတယ်*-* )
" သမားတော်ကပြောတယ်..
အိပ်ရေးမပျက်ပါစေနဲ့တဲ့..ကြင်ယာတော်က အားနည်းနေတာပါ..
ကလေးတွေကြောင့်လဲ ပါတာပေါ့ "
ညမှာလဲ ၁ နှစ်ကျော် အမွှာမင်းသားနဲ့ လသားလေးတွေကို ချော့အိပ်ရတော့ ..
တော်ရုံနဲ့ စောစောအိပ်မပျော် ။
နေ့လည်တွေမှာ သူများလက်ထဲ ထည့်ရင်ထည့်နိုင်တယ် ။
ညတွေမှာတော့..ရှောင်းကျန့်က သူတို့အတွက် သီချင်းလေးတွေနဲ့ ချော့သိပ်တာကိုး ။
အဲ့တာကို သိပ်သဘောကျနေကြတယ် ထင်သည် ။
ကျင်းယွမ်နဲ့ပိုင်ပိုင်ကိုလဲ တစ်ခါတလေ အိပ်မက်ကောင်း ပုံပြင်လေးတွေ ပြောပြရသေးသည်။
ကျင်းယွမ်နဲ့ပိုင်ပိုင်က ရှောင်းကျန့်နဲ့ အတူမအိပ်ပေမဲ့.. သူတို့အိပ်မပျော်သည့်အခါတိုင်း ရှောင်းကျန့်ကို ပုံပြင်လာပြောပြခိုင်းသည်။
အမွှာလေးယောက်သာ ရှောင်းကျန့်နှင့် တစ်ဆောင်တည်း အတူတူအိပ်ကြသည်။
စစချင်း..ပွေ့၍ သီချင်းနဲ့ ချော့မြူပြီး ပုခက်တွင်း အိပ်စေသည် ။
နေ့တိုင်းလုပ်နေရတော့လဲ..လူက ပင်ပန်းတာပေါ့ ။
ကလေးထိန်းရတာက လွယ်တယ်များထင်နေကြလားမသိဘူး ။
" ကြင်ယာတော်ဖို့. သခင်မ ရှီဟီးတို့ အားဆေးပါးလိုက်ပါတယ်..ဒီမှာပါ...ဒါကတော့.
.အရှင်ပေးခဲ့တဲ့ ဆေးပါ.. "
" အရှင်က ? "
" ဟုတ်ပါတယ်..အရှင် စကားမှာလိုက်သေးတယ်..နောက်ထပ်မဖြစ်စေနဲ့ ကျန်းမာအောင်နေမှ .. ကလေးတွေကို ဂရုစိုက်နိုင်မှာပါ တဲ့ "
" အ.အင်း..ထားခဲ့.. "
" ဒါဆို..အားဟုန် ဆေးသောက်ဖို့ သွားကြိုလိုက်ပါဦးမယ်..ကြင်ယာတော်က
ဆန်ပြုတ်ကို အရင်သောက်နှင့်ပါနော် "
YOU ARE READING
⚠️𝙇𝙞𝙠𝙚 𝘼 𝙍𝙤𝙮𝙖𝙡 𝙎𝙚𝙭 𝙎𝙡𝙖𝙫𝙚 ⚠️(𝙕𝙖𝙬/𝙐𝙣𝙞) 𝙈𝙥𝙧𝙚𝙜
Historical Fictionအစမကောင်းခဲ့တဲ့ ဇာတ်လမ်းက နောက်ဆုံးမှာ Happy Ending ဖြစ်ကြတယ် ❤️ Completed. Start Date-Apirl 13 .2021 End Date - July 26.2021
LASS-11 (final-2)little🚨🚨
Start from the beginning
