7.(Zawgyi)သံသယအချို့

Start from the beginning
                                    

"Good nightပါအစ်ကိုလေး"

စောသဒ္ဒါမောင် ဆက်ငြင်းနေမချင်လို့သာပြန်ရသည်။ သူသေချာပေါက်ကိုစန္နယာတီးသံကြားလိုက်တာပါ။ ဒီအိမ်ကြီးကထူးတော့ထူးဆန်းသည်..အိုး.အစောနကတွေ့လိုက်တဲ့ဦးမှိုင်းလုံဆိုတဲ့ လူကြီးရဲ့အကြည့်တွေကိုထည့်မပြောပါနဲ့ဦး။ ထိုလူ​ကြီး၏အကြည့်များသည်လည်းသူ့ကိုတွေစကဦးမိုးလုံးမှိုင်းကြည့်သောအကြည့်များနှင့်အလွန်ဆင်တူသည်။ အရမ်းကိုအကျွမ်းတဝင်ရှိလှသော အကြည့်မျိုးပင်။

စောသဒ္ဒါ​မောင်အခန်းလေးတံခါးပိတ်သွားတာကိုကြည့်နေသောဦးမှိုင်းလုံကတော့ မျက်လုံးများသည်တဖြည်းဖြည်းစိုစွတ်လာပြီးစကားတစ်ချို့ကိုတီးတိုးရေရွတ်နေလေသည်။

"စိတ်ချပါအစ်ကိုလေးရယ် အရင်တုန်းကကျွန်တော့်အရမ်းငယ်သေးလို့အစ်ကိုလေးတို့ကိုကောင်းကောင်းမစောင့်ရှောက်နိုင်ခဲ့ဘူး..ဒီတစ်ခါတော့ကျွန်တော်သေချာပေါက်ကာကွယ်ပေးပါ့မယ်"

'ဖိုးဖိုးကြီး မြင်ရဲ့လားဖိုးဖိုးကြီးရဲ့သားကအရမ်းကိုမှကောင်းကောင်းမွန်မွန်ကြီးပြင်းလာခဲ့တယ်နော် ..'

ထို့နောက်တွင်တော့ ရုတ်တရက်တွေးမိသောအတွေးအချို့ကြောင့် မျက်လုံးများသည် သိမ်းငှက်တစ်​ကောင်လိုစူးရဲလာသည်။

'သခင်မကြီး'

'သခင်လေးကရောဘာလုပ်ဖို့ကြံစည်နေတာလဲ'

..................................................................

"လုံးငယ်က ကိုကို့ဖို့စံပ္ပါယ်ပန်းကုံးယူလာတာလား "

"ဟုတ်ပါတယ်ကိုကိုလေး မွှေးလားဟင်"

သူမေးလိုက်တော့ ကိုကိုလေးကပန်းကုံးကိုယူပြီးနမ်းလိုက်သည်။ နမ်းလိုက်သည်ကပန်းကုံးဖြစ်သော်လည်းအကြည့်များကမိမိထံမှမခွာသောကြောင့်သူ့ခမျာ နားရွက်များပင်ပူတက်လာသည်အထိရှက်သွေးဖြာသွားရသည်။

"အား..မွှေးလိုက်တာကွာ ပန်းကုံးကတော့အရမ်းမွှေးတာပဲ ..ယူလာတဲ့လူကရောမွှေးလားလို့နမ်းကြည့်ရမယ်"

ပြောပြီးသည်နှင့် ထိုလူမှာမိမိမျက်နှာထပ်သို့ခေါင်းကြီးအပ်ချလာလျှင်..

သံသရာအဆက်ဆက်တိုင်အောင်( Completed)Where stories live. Discover now