မဟုတ်မှလွဲရော ကော်ဖီဆိုင်မှာ ချန်ထားခဲ့လို့  ဒီကောင်လေးက အခုချိန်ထိ စိတ်မကောင်းဖြစ်နေတုန်းလား။

ရှောင်းကျန့် လေပူတစ်ချက် မှုတ်ထုတ်လိုက်သည်။ထို့နောက် သူ့စစ်ဆင်ရေးကို ထုတ်သုံးဖို့ အချိန်ကျပြီဖြစ်တာကြောင့် ရိပေါ်ဘက်ကို မသိမသာခိုးကြည့်မိသည်။

ရိပေါ်ကို မြန်မြန်သိစေချင်ပြီ။
ဖြစ်နိုင်ရင် အနှီကောင်လေးရဲ့ ပုခုံးနှစ်ဖက်ကို ခပ်တင်းတင်းဆုပ်ကိုင်ပြီး 'ငါလုပ်နေတာ မှန်သမျှ မင်းအတွက်ကြီးပဲ' ဟု နားလည်သွားအောင် ပြောပြလိုက်ချင်သည်။

"ငါ့အနောက်ကို ခဏလိုက်ခဲ့။ "

"ဘယ်ကိုလဲ။ ခဏနေရင် ကပွဲစတော့မှာလေ။"

လက်ကောက်ဝတ်ကို အားထည့်ပြီး ဆုပ်ကိုင်လိုက်တော့ ရိပေါ်က အကျောက်အကန် ငြင်းရှာသည်။

"ကျုပ် သိပါပြီ။ ဟွန့် မင်းက ကျုပ်နဲ့အတူတူ မကချင်လို့ အချိန်ဆွဲနေတာမလား။ "

ရိပေါ်သည် စူပုပ်ပုပ်မျက်နှာလေးလုပ်ကာ မျက်မှောင်ကြုတ်ပြီး မေးလာသည်။

"ဟာ အဲ့လိုမဟုတ်ပါဘူး..။ ငါက လူရှေ့သူရှေ့ ကရမှာ ရှက်တတ်တယ်ကွ..အဟမ်း..ဒါကြောင့်မို့ ငါတို့နှစ်ယောက်ပဲ ရှိလောက်မဲ့နေရာလေးမှာ အေးအေးချမ်းချမ်း သွားကချင်တာ..။ "

"ဟုတ်လို့လား...။"

"ဟုတ်ပါတယ်ဆိုနေကွာ။"

"အစတည်းက မူယာမာယာတွေ များမနေဘဲ ဒီလိုပြောလိုက်ရင် ပြီးနေတာပဲကို ဟွန့်..။ "

သူ့ကို ဆရာပြန်လုပ်ပြီး သူ့အရှေ့က ကြော့ကြော့မော့မော့ ထွက်သွားသည့် ရိပေါ်ကြောင့် ရှောင်းကျန့် မပြုံးဘဲမနေနိုင်တော့။ရှောင်းကျန့်အဖြစ်က ရိပေါ်ကို အသည်းယားလွန်း၍ ကိုယ့်လက်ကိုယ် ပြန်ကိုက်ထားရသည်အထိ။

Nortonမြို့ရဲ့ လေးဘက်လေးတန်တွင် စက်ဝိုင်းသဏ္ဌာန်ရေကန်များ တည်ဆောက်ထားသည်။ညပိုင်းအချိန်ဆိုလျှင် တောင်ဘက်ရေကန်ငယ်က လူအရှင်းဆုံးဖြစ်တာကြောင့် တမင်တကာ တောင်ဘက်ရေကန်ဆီကို ရွေးခေါ်လာသည်။ရေကန်လေးဆီကို ရောက်လျှင်ရောက်ခြင်း ခပ်မြူးမြူးသီချင်းသံကို စကြားလိုက်ရသည်။

𝙰𝚁𝙲𝙰𝙽𝚄𝙼Where stories live. Discover now