💝39

1K 89 0
                                    

Z
ရွှယ်ဟွားထွက်ပြေးသွားတာ ဒီနေ့နဲ့ဆို၇ ရက်မြောက်နေ့ပင်ဖြစ်သည်။ တစ်နေ့ထက်တစ်နေ့လဲ ချန်ရင်ရဲ့စိတ်အခြေနေက ဟိုအောက်ဆုံးတွင်ရောက်နေပြီဖြစ်သည်။

ယခုဆို သူထိန်းချုပ်နိုင်စွမ်းမရှိတော့ပေ ယခု မိစ္ဆာစိတ်က ပဲချန်ရင်ကို ထိန်းချုပ်နေသည်။အရင်တုန်းကဆို ချန်ရင်သည် တစ်ယောက်ထဲ သီးသန့်နေ နေ ပင်မဲ့လဲ ယခု မိစ္ဆာစိတ်ထိန်းချုပ်မူ့အောက်တွင်မထင်ရင်မထင်သလို လူသတ်လာသည်။

သူသွားသမျှနေရာတိုင်း အလောင်းတွေဆိုရေတွက်လို့မနိုင်တော့ပေ ရွှယ်ဟွားကိုပြန်မတွေ့မချင်း လဲရပ်တန့်မှာမဟုတ်ပေ

"ဟွားအာ ပြေးထားအုံးပေါ့ ပျော်နိုင်သလောက်လဲပျော်ထားအုံး
ကိုမင်းကို ပြန်တွေ့တာနဲ့ ကိုယ့်အနားကနေဘယ်မှထွက်သွားလို့မရအောင် ပြန်ခေါ်ထားမှာမို့ ကြိုက်သလောက်ပျော်ထား"

ခွမ်း!!!

ချန်ရင်သည် ပြောရင်းနှင့် လက်ထဲက သေရည်အိုးကိုအားနှင့်ပြစ်ခွဲလိုက်သည်။

ထိုအချိန်မှာပဲ ချန်ရင်ရှိနေသည့်အခန်းထဲကို ချန်ရင်ရဲ့လက်အောက်ငယ်သားတစ်ယောက်ဝင်လာပြီး

"သ..သခင် သခင်မလေး..အကြောင်းသတင်းရထား..ပါတယ်"

လက်အောက်ငယ်သားသည် ချန်ရင်ရဲ့စိတ်အခြေနေကိုသိတာကြောင့် မဝံမရဲဖစ်နေတော့သည်။

"သူမဘယ်မှာလဲ"

"သခင်မလေးက ကျေးရွာတစ်ခုမှာ ရောက်နေပါတယ် သတင်း အရ အခုသခင်မလေးရောက်နေတဲ့ကျေးရွာမှာပဲအဃျြေနေတယ်လို့သိရပါတယ်"

"ကောင်းပြီ အခုထွက်ဖို့ပြင်ဆင်လိုက်"

ထိုလက်အောက်ငယ်သားထွက်သွားသည့်အချိန်မှာတော့ချန်ရင်သည်။အရမ်းစိတ်ကျေနပ်သွားပြီး

"ဟွားအာ နောက်ဆုံးတော့လဲ ကိုယ်မင်းကို ပြန်ရှာတွေ့ပြီလေ သခင်အမိန့်ကိုမနာ ခံတဲ့မင်းလေးကို အိမ်ပြန်ရောက်ရင်ကောင်းကောင်းကြီး အပြစ်ပေးရမယ်"

.................

ရွှယ်ဟွားသည်အစက နန်းမြို့တော်သို့သွားဖို့စဉ်းစားထားသော်လဲ ချန်ရင်သည် ထက်မြတ်တဲ့သူမဟုတ်ပါပေလား သူမ
ဘယ်ကိုသဖွားမလဲဆိုတာသူအသိပဲနေပါ့မလား

အရာအားလုံးကို စတင်မိခဲ့သော ကျွန်မ s1Where stories live. Discover now