❤16

1.3K 132 3
                                    

ရှင့်ကိုပေးမယ်။

ရွှယ်ဟွား ဂျင်ဆော့နေတဲ့ကောင်မလေးတစ်ယောက်ရှေ့မှာရပ်လိုက်ပြီး

"ဒီကညီမလေး ဒီဆံထိုးလေးနဲ့ ညီမလေးရဲ့ဂျင်ကိုလဲပေးလို့ရမလား"

ထိုကောင်မလေးသည် ရွှယ်ဟွားလက်ထဲကဆံထိုးကိုမြင်ပြီး
"ရတယ် မမ ကျေးဇူးပါနော်"

ရွှင်လုကတော့ရွှယ်ဟွားလုပ်သမြှအကုန်လိုက်ကြည့်နေတော့သည် နောက်တစ်ခါရွှယ်ဟွားသည်သကြားထုပ်ထိုးရောင်းတဲ့လူဆီမှ မောင်းအသေးစားလေးကို ငှါးလိုက်ပြီး

ဖျော်ဖြေရေးဆင်မြင့်သို့်သွာစလိုက်ပြီး မောင်းကိုသုံးကြိမ်တီးကာ

တိမ်... တိမ်... တိမ်

သူ့မောင်းသံကြောင့်လူတွေအားလုံးသူမဆီအာယုံရောက်လာကြပြီး လူစုလူဝေးကြီးဖြစ်သွားတော့သည်။

"အားလုံးပဲ ကျွန်မက အခုမှ စဖျော်ဖြေဘူးတာမို့အားပေးကြပါအုံး ကျွန်မ​ဖျော်ဖြေတာကိုကြိုက်ရင် ငွေသားချီးမြင်လို့ရပါတယ် ငွေမပါတဲ့သူတွေကတော့ အားပေးစကားပြောပေးပါ"

ရွှယ်ဟွားပြောပြီးပြီး ချင်းပဲ ဂျင်ကိုမိုးပေါ်သို့ပြစ်လိုက်ကာကိုယ်ကိုတစ်ပတ်လည့်ပြီး သူရဲ့ခါးမှာဖွတ်ထားတဲ့ကြာပွတ်ကိုထုပ်ကာ မြေပြင်ပေါ်ကို ပြန်ကျမဲ့ဂျင်ကို ရိုက်လိုက်ကာအပေါ်သိုပြန်ပြီးတတ်စေလိုက်သည်။

သူမသည်ဂျင်ကိုလုံးဝမြေပြင်ပေါ်ပြန်ပြုတ်ကျမခံပေ သူမဂျင်ကိုရိုးရိုးရိုက်နေတာမဟုတ်ပဲ ကကွတ်နဲ့ပေါင်းစပ်ပြီး ကစားနေတာဖြစ်သည်။ရွှယ်ဟွားသည် သူမအရင်ထဲကအကကိုရူးသွပ်သူဖြစ်သည် ကကွတ်ပေါင်းဆုံကိုလေ့ကျင့်ဖူးသည်။

ရွှယ်ဟွားဂျင်ကစားနေရင်းနဲ့ ရွှင်လုကိုမျက်ရိပ်မျက်ခြေပြကာပိုက်ဆံကောက်ခိုင်းတော့သည် ရွှင်လုလဲ သူမပြောတဲ့အတိုင်လိုက်လုပ်လိုက်သည်။ အောက်ကပရိတ်သတ်များကလဲ ရွှယ်ဟွားရဲ့ဖျော်ဖြေမူ့ကိုနှစ်ချိုက်ကြသည်။

ပရိတ်သတ်များ၏အသံများ
"ကောင်းတယ် ကောင်းတယ်"

"ဒီလိုဖျော်ဖြေမူ့မျိုးတစ်ခါမှမတွေ့ဖူးဘူး ကျုပ်တို့က ဂျင်ကိုအပျော်တန်းကစားစရာလောက်ပဲ သတ်မှတ်ထားတာ ဒီမိန်းမပျိုလေးနဲ့မှ ဖျော်ဖြေရေးပစ္စည်းကောင်းဖြစ်မှန်းသိတော့တယ်"

အရာအားလုံးကို စတင်မိခဲ့သော ကျွန်မ s1Where stories live. Discover now