Part-8(unicode)

95 10 0
                                    

ဟိုးအမြင့်တစ်နေရာကထိုလူသားအား
သူဘယ်သောအခါမှပိုင်ဆိုင်နိုင်လိမ့်မည်မဟုတ်။

-----------------------♥-----------------------------

"Yoonနင့်ကိုကြည့်ပြီးငါတောင်ငိုချင်လာပြီ"

ဤစကားအားChoi leeလုပ်ပြောခြင်းမဟုတ်။
မနက်က သူ့ကိုကြီးဆီသွားရမယ်ဟုတပျော်ကြီး
ထွက်သွားသော yoon သည်ပြန်လာသောအခါ
မျက်ရည်လည်ရွှဲဖစ်နေသည်ကိုမြင်ရသဖြင့်
Choi lee စိတ်မကောင်း။

"တောင်း...တောင်းပန်ပါတယ် Choi ရာငါနင့်ကို ..ဒုက္ခပေးနေသလိုဖြစ်နေပြီ"

တရှုပ်ရှုပ်နှင့်ရှိုက်ကာငိုရင်း
မျက်ရည်တို့ကိုထိန်းပြီး ကောင်းကင်ထက်ကို
Yoonမော့ကြည့်မိတော့ လှလိုက်တဲ့တိမ်တွေဆိုတာလေ။ ကျောင်းခေါင်မိုးထပ်မှ
တစ်ခါမျှတိမ်မကြည့်ခဲ့ဖူးသည့်အလျောက်
သည်ကနေ့မှတိမ်ထုဟာ ပို...ပို..ပြီး
လှပနေတယ်။

တိမ်တွေကိုငေးရင်း ထိုတိမ်ကြားထဲပေါ်လာသည့် ခပ်ချောချောမျက်နှာတစ်ခုအား
နာကျင်စွာဖြင့် ကြည့်မိသည်။

အကို....အကယ်၍ အနာဂတ်မှာ
(ဖြစ်လာဖို့မသေချာပေမယ့်) သူနဲ့(chanyeolနဲ့) ချစ်သူဖြစ်ခဲ့ပါလျှင်
သုံးနှုန်းမည့် သူမ၏သီးသန့်နာမ်စား

အခုတော့ ချစ်ရသူအကိုက တစ်ပါးသူအား
မြတ်နိုးစွာဖြင့် ကိုကိုဟုခေါ်သည်ကိုကြားရသောအခါ နှလုံးသားကို ဆားနဲ့ပတ်သလို
ထွန့်ထွန့်လူးရပါသတဲ့....

Yoon မက်ခဲ့ဖူးသည့်အိပ်မက်တွေထဲ
သူနဲ့အတူ ရုပ်ရှင်သွားကြည့်မည်။
တစ်ခြားတစ်ခြားသောစုံတွဲတွေလိုမျိုး
လက်ချင်းချိတ်ရင်း လမ်းမထက်လျှောက်သွားမည်
မိဘများအားဖွင့်ပြောပြီး နှစ်ဦးသဘောတူ
လက်ထပ်ကာ ကလေးလေးတွေမွေးမည်။

တီတီတာတာချစ်စကားဆိုရင်းတစ်သက်လုံးနေထိုင်သွားကြမည်ဟု စိတ်ကူးယဉ်ခဲ့ဖူးသည်။

အခုတော့ ချစ်ရသူက တစ်ခြားတစ်ယောက်ရဲ့ရှေ့မှာ ဒူးထောက်မတက်အချစ်တို့တောင်းခံနေသည်ကိုမြင်ရသည့်အခါ သူမအချစ်တွေက
သိမ်ငယ်နေပါရဲ့....

သူမအတွက်ပေးတဲ့သီးသန့်အပြုံးကိုနှစ်သက်ပေမယ်လို့ wu yifanဆိုသည့်လူသားအတွက်
ခြွေချပေးတဲ့ အပြုံးတစ်ပွင့်ကိုတော့
လွန်စွာမနှစ်မြို့။

BROKEN-SEASON|1|(COMPLETED)Where stories live. Discover now