🍁Daffodilsအပိုင်း(၅)မိတ်ဆွေဟောင်းနှင့်တွေ့ဆုံခြင်း

Start from the beginning
                                    

"ဟ ငါ့မှာစားစရာမရှိလို့ ခုမှ ပြုတ်သောက်မလို့ပါဟာ...ထမင်းလဲ ငါထွက်မဝယ်စားနိုင်တော့ဘူး..တအားအိပ်ချင်နေပြီ"

"အဲ့ဒါဆိုလဲ အရင်အိပ်လိုက်...ငါချက်ကျွေးမယ်"

"တကယ်လား"

"အေး.ငါကျက်ရင်ထားခဲ့မယ် ငါလဲဂျုတီရှိသေးလို့"

"ကျေးဇူးတင်ပါတယ်ဟာ..ဒါပေမဲ့ နင်ဂျူတီရှိတယ်ဆိုရင်လဲလုပ်ပေးမနေပါနဲ့တော့"

"ကဲ နွေဉီးဧရာ ...ငါစိတ်ပါတုန်းလေးချက်ကျွေးမလို့ဟာကို အေးဆေးနေစမ်းပါ"

"အိုခေ အိုခေ ဟုတ်ပါပြီ"

{ချောက်}
၃မိနစ်ရေနွေးအိုးကချောက် ခနဲကျသံနဲ့အတူနွေဉီး ပစ္စုပန်ကိုပြန်ရောက်လာတယ်။မီးဖိုပေါ်ကစတီးအိုးထဲ ခေါက်ဆွဲထည့် ရေဆူတော့တစ်ရေသွန်ပစ်လိုက်တယ်။ဓာတုဓာတ်တွေလျော့လို့လျော့ငြားပေါ့။ခုတော့ HI-SO ဖြစ်မယ်ဘာညာလဲပွားမဲ့သူမရှိ...ဟင်းလဲချက်ကြွေးမဲ့သူမရှိ။အေးတာပဲ!

တကယ်တော့လဲအဲ့ဟင်းတစ်ခွက်ကိုနွေဉီးသတိရနေရတာလဲအောင့်သက်သက်နဲ့။ချက်ပေးတဲ့သူက နဂိုထဲက နွေဉီးအတွက်သီးသန့်ရည်ရွယ်ခဲ့တာမဟုတ်ခဲ့​မှန်းကိုနောက်မှသူလဲ မသိချင်ပဲသိခဲ့ရတယ်။
________________
နွေဉီး မဲဘာန်းကိုပြောင်းဖို့ ဆုံးဖြတ်လိုက်တုန်းက မေမေရောလေးမိုးလွင်ရောလုံးဝသဘောမတူခဲ့ဘူး။မေမေကတစ်ဉီးတည်းသော သားလေးဖြစ်သူကို အနီးအနားမှာပဲနေစေချင်တယ်။လေးမိုးလွင်ကတော့ နွေဉီးသဘောထားအတိုင်းလို့ဆိုပြီးဘာမှဝင်မပြောပေမယ့်လို့သွားစေချင်ပုံတော့မပေါ်။

လေးမိုးလွင်ကမေမေ့ရဲ့နောက်အိမ်ထောင်ဆိုပေမယ့်နွေဉီးတို့သားအမိအပေါ်အရမ်းကောင်းတယ်။ပွဲရုံ အလုပ်နဲ့နွဉေီးကလဲလုံးဝမအပ်စပ်..ဉီးလေးရဲ့ဆေးရုံမှာလဲ မလုပ်ချင်။အဲ့တုန်းကတော့ဖြစ်နိုင်ရင် နွေဉီး ကအဝေးကြီးမှာ အကုန်လုံးနဲ့အဆက်အသွယ်ဖြတ်ပြီးနေချင်တာ​မို့မဲဘာန်းကိုအပြောင်းအရွှေ့ တင်ခဲ့တာ။

နွေဉီးကိုဟိုပုံးအထိကားနဲ့လာကြိုသူကဘသိန်း..ဒူးကျဘောင်းဘီ တီရှပ်နဲ့ကြောင်လေးတစ်ကောင်ကို လွယ်ပြီးရပ်နေတဲ့နွေဉီး ကို ခွဲစိတ်အထူးကုလို့မထင်တာ​မို့ ဘသိန်းအတော်အကြပ်ရိုက်ခဲ့ရသေးတယ်လို့နောက်ပြန်ပြောမှသိရတယ်။

?Daffodils[Complete]Where stories live. Discover now