*********
"အထွန်းရေ "
"ဟယ် လှကြည် လာလေ "
အထွန်းက ဝမ်းသာအားရပင် ခေါ်ရင်း ခြံဝသို့ ထွက်ကြိုသည်။
"လာ လာ မတွေ့ရတာ ကြာလို့ နင့်ကို မျှော်နေတာ"
အထွန်းစကားကို ကြားသောအခါ လှကြည်က နှုတ်ခမ်းမဲ့ပြသည်။
"နင်မျှော်တာ ငါမဟုတ်မှန်းသိပါတယ် အထွန်းရယ်"
"ဟဲ့ ဒီတစ်ခါ ငါတကယ်မျှော်တာ"
"ဆိုစမ်းပါဦး ဘာကိစ္စငါ့ကို မျှော်တာလဲ"
အထူးအဆန်းဟူသော အကြည့်ဖြင့် ကြည့်လာတော့ အထွန်း ရယ်ပြလိုက်မိသည်။
"ဟဲ့ လှကြည် နင် ပန်းထိုးတတ်တယ်မလား"
"အေး ထိုးတတ်တယ်လေ"
"ငါ့ကို သင်ပေးပါလား"
"ဟဲ့ နင်က မလုပ်ဖူးတာတွေတောင် လုပ်လို့ပါလား "
"ဒီလိုပဲပေါ့ဟယ် ငါက နင်လာရင် အဆင်သင့် သင်ရအောင် အပ်တွေ ၊ ချည်တွေပါ ဝယ်ထားပြီးပြီ "
လှကြည်က ဗုဒ္ဓေါ ဟုဆိုရင်း ရင်ဘတ်ကို လက်ဖြင့်ဖိသည်။
"ပန်းထိုးခွေ ရော "
"ဒီမှာ ကြိမ်ခွေဝယ်ရမလား ပလတ်စတစ်ဝယ်ရမလားမသိတာနဲ့ ၊ ကြိမ်ခွေပဲ ဝယ်လာတယ် ၊ ပလတ်စဆစ်ခွေမှာ အရစ်တွေနဲ့ ဆိုတော့ ငါလည်း မလုပ်တတ်တာနဲ့ "
အထွန်းက ကြိမ်ခွေ ခြောက်လက်မ ဆိုဒ်ကို ယူပြသည်။
"အေး ဒါလည်း ကောင်းတာပဲ ၊ ပန်းထိုးရင် နှစ်ခုထပ်ပြီး ဖိချလိုက်ရုံပဲ"
လှကြည်က အထွန်းဝယ်လာသော ပစ္စည်းများကို တစ်ခုချင်းကြည့်သည်။ ထို့နောက် စိတ်ရှည်လက်ရှည်ဖြင့်ပင် သင်တော့သည်။
"အခု ရိုးတံကို ထိုးမယ်ဆိုရင် ဒီဘက်ကနေ အပ်ကိုယူ ပြီးရင် ချည်နဲ့ ဒီလိုလေးပတ် ၊ ပြီးတော့မှ ပြန်ဆွဲ "
"ဒီလိုလား "
"အင်း ပြီးတော့ နင်က အခုမှ စပြီးထိုးတာဆိုတော့ ချည်အပွနဲ့ပဲ လုပ်ဦး ၊ ချည် အကျစ်တွေ မသုံးနဲ့ဦး"
"ငါဝယ်လာတာက ချည်အပွတွေမလား"
"အေး ဟုတ်တယ် "
YOU ARE READING
ပုလဲတို့ဖြင့်ဖွဲ့သီသော ( Completed)
Romance"ကံ့ကော်ဆိုတာ မပြောင်းလဲတဲ့ချစ်ခြင်း သက်သေ"
Part 31 ( Unicode)
Start from the beginning