အခန်း (၃) | အခန္း (၃)

Начните с самого начала
                                    

ဒီနေ့ သူအလုပ်စောစောပြီးသွားတယ်။ ဒါပေမယ့်လည်း သူအိမ်မပြန်ဘဲ သူနဲ့သက်တူရွယ်တူ သရုပ်ဆောင်အုပ်စုတွေ၊ အမျိုးမျိုးသော သရုပ်ဆောင်ပိုင်းဆိုင်ရာလုပ်ဖော်ကိုင်ဖက်တွေနဲ့ သွားစားသောက်ကြတယ်။

ငါကတော့ အိမ်ပြန်လာပြီး ခါတိုင်းလိုဘဲ နှစ်ယောက်စာဟင်းချက်ထားတယ်။ ငါရေပူလည်းခံပေးထားတယ်။ ရေနွေးအိုးလည်း ကျိုပြီး လက်ဖက်ခြောက်ခတ်ထားတယ်။ ပြီးတော့ ဧည့်ခန်းမှာထိုင်ပြီး တီဗီထိုင်ကြည့်နေလိုက်တယ်။

၇ နာရီမှာ သတင်းလာတယ်။

၈ နာရီမှာ ကြော်ညာစလာတယ်။

၉ နာရီမှာ စီးပွားရေးနဲ့ဘဏ္ဌာရေးသတင်းလာတယ်။

၁၀ နာရီမှာ ညနေခင်းသတင်းလာတယ်။

၁၁ နာရီမှာ အားကစားသတင်းလာတယ်။

၁၂ နာရီမှာ တနေ့တာသတင်းက ပြီးဆုံးသွားပြီ။ သူကတော့.. သေချာတာပေါ့, ပြန်မလာသေးဘူး။

ဘယ်လောက်ကြာနေပြီလဲဆိုတာ ငါမသိဘူး။ ဒီနေ့ ပြန်မလာတော့ဘူးဆိုတာ ငါသေချာနေပြီ။ ငါသက်ပြင်းချလိုက်ပြီး ငါ့ခန္ဓာကိုယ်ကိ မတ်တတ်ရပ်အောင်တွန်းအားပေးလိုက်တယ်။ ရေခဲသေတ္တာထဲကို အစားအသောက်တွေကို ထည့်လိုက်ပြီး ရေပူလည်း ပိတ်လိုက်ပြီး ရေနွေးကြမ်းကိုလည်း သွန်ပစ်လိုက်တယ်။

အဲ့အချိန် တံခါးဖွင့်လာတဲ့အသံကို ကြားလိုက်ရတယ်။

တံခါးဖွင့်လာတာကို မြင်တော့ ငါ့မျလုံးနဲ့လည်ပင်းတွေက တောင့်သွားတယ်။ သူသောက်ထားပြီးတော့ ယိုင်တိုင်တိုင်နဲ့အိမ်ထဲဝင်လာတယ်။

"မင်းဘာလို့မအိပ်ရသေးတာလဲ?" သူငါ့ကို ပြောလာတဲ့စကားက ငါ့အသိစိတ်ကို အသိပြန်ဝင်လာစေတယ်။

"ဘာမှမဖြစ်ပါဘူး။ အိပ်လို့မရသေးလို့ပါ။ တစ်ခုခုစားချင်သေးလား? ရေချိုးချင်လား မဟုတ်ရင် အေရင်သောက်ချင်လား?"

"ဟေး.."

"ဘာလဲ?"

"ကောင်လေး...... ပြဿနာတစ်ခုရှိတယ်......မင်းက......လိင်တူချစ်တဲ့သူတစ်ယောက်မလား?" သေချာတာပေါ့, သူသောက်ထားတာကြောင့် အာလေးလျှာလေးနဲ့စကားပြောနေတယ်။

15P 7H 6SM  |   ⟨⟨Myanmar Translation⟩⟩ ✓Место, где живут истории. Откройте их для себя