Part 29 ( Unicode)

Start from the beginning
                                    

"လှကြည်ရယ်.."

"အထွန်း နင်သိလား ငါအရမ်းပင်ပန်းတာပဲ ၊ လူပင်ပန်းတာထက် စိတ်ပင်ပန်းတယ် ၊ ရွှေတွေ ငွေတွေ ရှိနေလည်း ငါမပျော်ဘူး "

အထွန်းက စကားပြန်မပြောနိုင်။ လှကြည်ကတော့ မျက်ရည်များဝဲလာသည်။

" ငါလေ အဲလူအကြောင်းကို အိမ်ခွဲနေမှ သိတော့တယ် ၊ ပိုက်ဆံစကားအရမ်းပြောတဲ့အပြင် သောက်တတ်စားတတ်သေးတယ် ၊ ပြီးတော့ အဆိုးဆုံးက ငါ့ကို
ကိုအောင်သန်းနဲ့ ခဏခဏ သမုတ်တယ်ဟယ်"

"ဟဲ့ အဲဒါတော့ လွန်တာပေါ့ ၊ နင်တို့က မင်္ဂလာဆောင်ပြီးတည်းက မတွေ့တော့တာမလား"

"အေးလေ ၊ အဲဒါကို မူးလာတိုင်း ငါ့ကို သမုတ်တယ် ၊ တစ်ခါတလေဆိုရင် ရိုက်လားနှက်လားနဲ့၊ ငါလေ စိတ်ရှိတိုင်းသာ လုပ်လို့ရရင် ကွာပစ်တယ် ၊
ဒါပေမယ့် မလုပ်ပါဘူးအထွန်းရယ် ၊ ငါလည်း ငါ့မိသားစုကို ငဲ့ရဦးမှာပေါ့ ပြီးတော့ ယူထားတာမှ တစ်နှစ်မပြည့်သေးဘူး ကွဲကြ ကွာကြရင် ပတ်ဝန်းကျင်က ဘယ်လိုပြောကြမလဲ"

"နင့်အိမ်ကရော ဒီအကြောင်းတွေမသိဘူးလား"

"ဘယ်သိမလဲဟာ ဟိုလူက ငါတို့မိဘအိမ်သွားရင် လူကြီးလူကောင်းပုံနဲ့လေ ၊ ပြီးတော့ ဒီကိစ္စကို အမေတို့သိရင် စိတ်ကောင်းမှာမဟုတ်ဘူး ၊ ငါ့အတွက်နဲ့တော့ စိတ်မဆင်းရဲစေချင်ဘူးဟယ်"

လှကြည်က ကျလုဆဲဆဲမျက်ရည်ကို လက်ညှိုးဖြင့် အသာတို့ရင်း သုတ်သည်။

"ငါ့ကံပဲပေါ့ အထွန်းရယ် ၊ ငါက အိမ်ထောင်သည် ဖြစ်သွားပြီပဲ ဒီကိစ္စမျိုးက ပြန်ပြင်လို့မှ မရတာ"

"နင့်ကံဆိုပြီးတော့လည်း ဖြစ်သမျှခါးစည်းခံဖို့မလိုပါဘူး လှကြည်ရယ် ၊ နင် ဘာပဲဖြစ်ဖြစ် ငါ့‌ဆီလာခဲ့သိလား ၊ ငါ ‌ဈေးမှာမရှိရင် အိမ်လာခဲ့ ၊ နင့်ဘက်မှာ ငါရှိတယ် "

"ကျေးဇူးပါပဲဟာ "

"ကျေးဇူးဆိုတာ မလိုပါဘူးဟယ် ၊ ငါ့ကို တစ်မြို့လုံးက လက်ညှိုးထိုးပြီး ကဲ့ရဲ့ကြတုန်းကလည်း နင်က ငါ့ဘက်မှာနေပေးခဲ့တာပဲ၊ ငါလေ နင်ရှိနေလို့ ဘယ်လောက် အားရှိခဲ့ရလဲ သိလား ၊ ဒါကြောင့်လေ နင်ဘာပဲ ဖြစ်ဖြစ် ငါနင့်ဘက်ကနေမယ် နော် "

ပုလဲတို့ဖြင့်ဖွဲ့သီသော ( Completed)Where stories live. Discover now