Untitled [Unicode]

Start from the beginning
                                    

ကြားထဲက အချိန်တွေကို ကျော်ပစ်လိုက်။
ကျွန်တော် အထက်တန်းနောက်ဆုံးနှစ် အမှတ်စာရင်းထွက်တဲ့နေ့။
ပျော်လွန်းလို့ အော်ဟစ်နေတာပေါ့။
ကျွန်တော်က psychologist ဖြစ်ချင်တာလေ။
အမှတ်မှီတယ်။
၀ငျခှငျ့ဖွဖေို့ပဲ လိုတော့တယ်ဒါဆို။
ပျော်တာကပျော်တာပဲ။
အစ်ကိုကအစ်ကိုပဲ။
အစ်ကို့ကိုမမေ့ဘူး။
သွားတွေ့ဖြစ်အောင် တွေ့မှာ၊ ဒီခြောက်နှစ်အတွင်း ဘယ်လိုသည်းခံထားရတာမှတ်လို့။
အစကတော့ စဉ်းစားပါသေးတယ်။
လှလှပပလေးမိတ်ကပ်လိမ်းပြီး မြန်မာ၀တ်စုံလေး၀တ်လို့ နူးနူးညံ့ညံ့ပုံလေးနဲ့ သွားတွေ့ရမလားလို့။
ဒါပေမယ့်လည်း သေချာတွေးကြည့်မှ တစ်ရက်ဆက်ဆံပြီး ပြီးသွားမယ့်လူတွေမှ မဟုတ်တာလေ။
တော်ကြာယူပြီးမှ လိမ်ယူပါတယ်လို့တော့ အစွပ်စွဲမခံနိုင်ပါဘူး။
ဒါနဲ့ပဲ ကျွန်တော့်စတိုင်လ်အတိုင်း တီရှပ်ရှည်ရှည်နဲ့ ဖိုးကွာတားဘောင်းဘီ၀တ်သွားလိုက်တယ်။
အစ်ကိုကြိုက်မလားလို့ ထားထားတဲ့ခါးကျော်အောင် ရှည်နေတဲ့ဆံပင်တွေကိုတော့ မြင့်မြင့်လေးလုံးစည်းလိုက်တာပေါ့။
မိတ်ကပ်ကတော့ လိုမနေပါဘူးလေ။
အငယ်ကောင်ရဲ့ အရေပြားတအားပါးလို့ အမြဲဆောင်ထားတဲ့ လိုးရှင်းနည်းနည်းယူပွတ်လိုက်တယ်။
အမေ့ရဲ့အော်သံတွေကို သီချင်းသံလို့ သဘောထားပြီးပေါ့။
ရပြီ၊ ဒီလောက်ဆိုပြီးပြည့်စုံပြီ။
ကွင်းထိုးဖိနပ်ကြီး ကောက်စွပ်လို့ ဦးတည်ရာကတော့ ဆေး၁က ဂျူဒီကုတ်အဖြူရောင်လေးနဲ့ သိပ်ချစ်ရတဲ့ကိုကြီးဆီပေါ့။
ပါးစပ်ကတောင် သီချင်းလေးငြီးလိုက်သေးတယ်။
"ဂျူဒီကုတ်အဖြူရောင်လေးနဲ့ သိပ်ချစ်တဲ့ကောင်လေးရာ ကိုယ့်ရဲ့အသည်းကို အမြန်ကုစားပါ"တို့ ဘာတို့ပေါ့။
ကံကသိပ်ကောင်းသဗျ။
နတ်ဖက်တဲ့ဖူးစာလို့ ပြောသားပဲ။
သိပ်တောင်မသွားရဘူး။
တွေ့တဲ့နေရာလျှောက်သွားနေတုန်း ကော်ရစ်တာမှာ မျက်နှာချင်းဆိုင်ကလမ်းလျှောက်လာတဲ့အစ်ကို့ကိုတွေ့တာပဲ။
တွေ့တာလည်းမပြောနဲ့လေ။
ထမင်းစားချိန်ကြီး ကန်တင်းသွားတဲ့လမ်းလည်ကောင်မှာ မတ်တပ်ရပ်စောင့်နေတာကို ဟိဟိ။
"အစ်ကို့ကိုလာတွေ့တာ၊ ကျွန်တော်ကအစ်ကို့သူငယ်ချင်းပဲဟာ!"လို့အစ်ကို့တို့ သူငယ်ချင်းအုပ်စုလိုက်ကြီး ကျွန်တော့်ဘေးကဖြတ်သွားတဲ့အချိန်မှာ အစ်ကို့ဂျူတီကုတ်စကို လှမ်းဆွဲပြီးအော်ပစ်တာ။
ဘယ်သူမေးလဲလို့လာမမေးနဲ့။
ကိုယ့်ဟာသာရှက်တာနဲ့ ရင်တုန်တာပေါင်းပြီး အော်မိအော်ရာအော်တာ။
ဒီလိုဆိုတော့လည်း လွန်ခဲ့တဲ့ခြောက်နှစ် block မခံရခင်တုန်းက သုံးနှစ်ကျော်ကြီးတဲ့အစ်ကို့ကို သူငယ်ချင်းလုပ်ကြမလားလို့ ကြောင်တောင်တောင်သွားမေးမိတာလေးက အသုံး၀င်သား။
ဘယ်လိုနေနေ အစ်ကိုအဲ့တုန်းက "Inn" လို့စာပြန်ထားတာ။
သက်သေရှိတယ်၊ ဘာမှလာငြင်းလို့မရဘူး၊ ဝါးဟားဟား။
ဒီလိုဆိုတော့လည်း သိပ်စောက်မြင်ကပ်ခဲ့ရတဲ့ အင်း ကအသုံး၀င်သား။
အစ်ကိုကတစ်အံ့တစ်သြလှည့်ကြည့်တယ်။
မျက်မှောင်ကြုတ်ကြည့်တယ်။
မျက်လုံးမှိတ်ပြီး အော်ချင်ရာအော်နေတဲ့ကျွန်တော့်ကိုပေါ့။
ဒါတောင် သူမှတ်မိပုံမရဘူး။
အစ်ကို့သူငယ်ချင်းယောကျာ်းလေးနှစ်ယောက်နဲ့ မိန်းကလေးသုံးယောက်ကလည်း အတောင့်လိုက်ကြီး၊ ကြောင်လို့။
ဒီပုံစံအတိုင်းဆို သေချာတယ်။
တက္ကသိုလ်မှာလည်း အစ်ကို့ကိုဒီလိုလုပ်တာ ကျွန်တော်ပထမဆုံးပဲနေမှာ အဟိ။
အစ်ကိုဟာ အကြီးအကျယ်မဟုတ်ဘဲ တိုးတိုးတိတ်တိတ်ပဲ စွံနေတုန်းနဲ့ တူပါရဲ့။
အစ်ကိုကလှည့်ပတ်ကြည့်ပြီး နောက်ဆုံးကျွန်တော့်နှုတ်ခမ်းပေါ်က မှဲ့လေးမြင်မှ ရပ်သွားတယ်။
မျက်မှောင်ကြုတ်ကြီးလည်း ပြေလို့။
အစ်ကိုကပြုံးစိစိနဲ့ သူ့သူငယ်ချင်းတွေကို လှည့်ပြောတာ ငါပြီးမှလိုက်လာခဲ့မယ် တဲ့။
ဟုတ်တယ်လေ၊ အုပ်စုလိုက်ကြီး ကန်တင်းသွားတဲ့လမ်းလည်ခေါင်မှာ မြင်မကောင်းရှူ့မကောင်း လူတွေကွက်ကြည့်ကွက်ကြည့် ကြည့်ကုန်ကြပြီ။
သူ့သူငယ်ချင်းတွေကတော့ အင်တင်တင်လှည့်ကြည့်လှည့်ကြည့်နဲ့ ထွက်သွားကြလေရဲ့။
ဒါတောင် လူတွေက သူများအကြောင်းသိပ်စိတ်၀င်စားကြတာ။
ဖြတ်သွား၊ဖြတ်လာရင်း ကြည့်ကြည့်သွားကျတုန်း။
မသိရင်ပဲ ကျွန်တော်တို့ကမျောက်ပွဲပြနေတာ ကျနေတာပဲ။
ဒါပေမယ့် ကျွန်တော်ကတော့ ကမ္ဘာကြီးပဲပျက်ပျက် အစ်ကို့ဂျူတီကုတ်စကို လုံး၀လွှတ်မပေးနိုင်ပါ။
နောက်ဆုံး ဖွင့်ပြောဖို့လုပ်တဲ့အခေါက်တုန်းကလို ထွက်ပြေးရင်ဘယ်နှယ့်လုပ်မလဲ။
အစ်ကိုကသူ့ဂျူတီကုတ်အင်္ကျီလက်စ တစ်နည်းအားဖြင့် ကျွန်တော်ကိုင်ထားတဲ့ အစနားကိုငုံ့ကြည့်ပြီး ပြောတယ်။
အင်းတဲ့။
အစ်ကိုဘာကို အင်း တာလည်း ကျွန်တော့်မှာ မန်မိုရီမနည်းပြန်ခေါ်ရတယ်။
စောစောတုန်းက "ကျွန်တော်ကအစ်ကို့သူငယ်ချင်းပဲ၊ အစ်ကို့ကိုလာတွေ့တာ"ဆိုတဲ့စကားကို အင်း တာဖြစ်မယ်။
ဘာလဲ!? ဖုန်းထဲမှာတင်မဟုတ်! အပြင်မှာပါ အင်း ပဲလား!
ကျွန်တော် ဘာပြောရမှန်းမသိဖြစ်နေမှန်း အစ်ကိုသိပုံရတယ်။
ရေခဲတုန်းကြီးက စကားစပြောလာတယ်။
"ချာတိတ်ပြောင်းလဲသွားတယ်"တဲ့။
ပြီးတော့ ကော်ရစ်တာဘေးပေါက်ကနေ ထွက်ပြီး ခရေပင်ကြီးကိုဝိုင်းထားတဲ့ သစ်သားကွပ်ပစ်ဆီကို သူ့ဂျူတီကုတ်ကြီးကျွန်တော်ဆွဲထားလျက်ပဲ ကျွန်တော့်ကိုခေါ်သွားတော့တယ်။
အစ်ကိုစတွေ့တုန်းကကျွန်တော့်ကို မမှတ်မိတာရော၊ အခုလိုပြောတာရော နားလည်ပေးလို့ရတယ်။
ဘာလို့ဆို တကယ်ပြောင်းသွားတာကိုး။
အစ်ကို့ကိုကြိုက်ခဲ့တဲ့ကောင်မလေးက အစ်ကိုနဲ့ဆို ကိုယ်ကိုယ့်ကို 'နှင်း' 'နှင်း' နဲ့ပြောပြီး ရင်ဖုံးလေးနဲ့ဆံပင်ကို တစ်၀က်စည်း မိတ်ကပ်လှလှလေးပြင်ထားတဲ့ ပုံလေးလေ။
အခုဟာ 'ကျွန်တော်' လို့ပြောတဲ့လူမိုက်ရုပ်နဲ့ မိန်းကလေးကို။
တကယ်တော့ ကျွန်တော်အခုလိုပုံဖြစ်သွားတာ အစ်ကိုကျောင်းမှာ မရှိတော့ထဲကပဲ။
မိတ်ကပ်တွေကတအားအလုပ်ရှုပ်တယ်။ ကျွန်တော့်လိုငပျင်းနဲ့တကယ်မကိုက်။ ပြီးရင် skin က care ရဦးမယ်။
အဲ့ဒါနဲ့ပဲ မိတ်ကပ်ဖိုးတွေက စာအုပ်ဖိုးထဲ အကုန်၀င်တာပဲ။
အစ်ကို့ကို ဆယ်နှစ်၊ဆယ်မိုး လိုက်ပိုးတဲ့အခါ စကားတွေကြွယ်နေစေဖို့ စာတွေချည်းကုန်းဖတ်ခဲ့တယ်။
ထားပါဒါတွေ။
ကျွန်တော့်မှာ အတွေးတွေထဲမျောနေရင်း မနည်းရုန်းထွက်ပြီး အစ်ကို့ကိုမော့ကြည့်ရတယ်။
အစ်ကိုက ဘာပြောမှာလဲဆိုတဲ့ပုံ ခပ်ပြုံးပြုံးမျက်ခုံးပင့်ကြည့်နေတယ်။
အစ်ကို့အရပ်တွေရှည်လာလိုက်တာ။
"အစ်ကိုလည်းပြောင်းလဲသွားတယ်"လို့ခပ်တိုးတိုးပြောမိတော့ အစ်ကိုအပြုံးမပျက်ပြန်ပြောတယ်။
"အဲ့ဒါလား ပြောချင်တာက"တဲ့။
အမှန်တော့ ကျွန်တော်ခြေတွေ၊လက်တွေ၊ရင်တွေတုန်ပြီး အခုနည်းနည်းမူးဝေ၀ဖြစ်နေတာ။
အစ်ကို့ကိုလှမ်းခေါ်ဖို့လွယ်တာမှတ်လို့။
ကျွန်တော့်မှာ လွန်ခဲ့တဲ့ခြောက်နှစ်ကလို မဖြစ်အောင် မနည်းကြောက်စိတ်တွေကို တွန်းလှန်ထားရတာ။
အစ်ကိုကထွက်သွားတော့မယ့်ဟန်ပြင်နေတာမို့ ကျွန်တော့်မယ်မနည်းကြောက်စိတ်ကိုအဝေးတွန်းထုတ်ပြီး အစ်ကို့အင်္ကျီလက်စကို ခပ်တင်းတင်းဆွဲလို့ ထပ်အော်ရပြန်တယ်။
"အစ်ကို့ကိုကျွန်တော်ချစ်နေတုန်းပဲ အစ်ကို့ကိုကျွန်တော့်ကိုကိုဖြစ်အောင်လုပ်မှာ!"လို့။
မျက်စိစုံမှိတ်အော်ပြီးအဆုံး ပျော့ခွေတောင်ကျချင်သွားတယ်။
အစ်ကိုကတော့ခပ်ပြုံးပြုံး။
ပြီးတော့ ထပ်ပြီး...
အင်းတဲ့။
အစ်ကိုက ဘာလို့အပြင်မှာစကားပြောကြည့်မှ လူရှုပ်၊လူဆိုးပုံ ပေါက်နေရတာတုန်း။
ကျွန်တော့်ကိုခပ်ပြုံးပြုံးနဲ့စနေတာဒေါသထွက်စရာ။
အပြင်မှာ စကားပြောဖြစ်ရင် အစ်ကိုကဘယ်လိုပုံစံ ဖြစ်မလဲလို့ ကျွန်တော်အများကြီး စိတ်ကူးယဉ်ခဲ့ဖူးပါတယ်။
ဒီလိုပုံတော့မပါတာသေချာတယ်။
အစ်ကိုက လူရှုပ်နဲ့တူတယ်။

Short Stories by DianaWhere stories live. Discover now